News

POST TYPE

LOCAL

ထွန်စက်တိမ်းမှောက်၍ ထွန်စက်မောင်းသူ သေဆုံး
03-Dec-2019
ကလေး ဒီဇင်ဘာ ၃

ထီးချိုင့်မြို့နယ် တွင် ကောက်ရိုးများ တင်ဆောင်လာသည့် နောက်တွဲပါ ထွန်စက်တိမ်းမှောက်ရာမှ ထွန်စက်မောင်းသူသေဆုံးသည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၂ရက်၊ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ထီးချိုင့်မြို့မရဲစခန်းထံမှ သိရသည်။

အင်ဒေါင်းကျေးရွာဘက်မှ ကြက်တကောင်းကျေးရွာသို့ ကျေးရွာချင်းဆက် လမ်းအတိုင်း ကြက်တကောင်းကျေးရွာနေသူ ဦးဝင်းအောင်(၄၂) နှစ်မောင်းနှင်လာသည့် ထွန်စက်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ထွန်စက်သည် အင်ဒေါင်းကျေးရွာအထွက် ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မှာ ထွန်စက်ခေါင်းဖြင့်ပိမိခဲ့ခြင်း ဖြစ်သည်။

ထွန်စက်ခေါင်းဖြင့် ပိမိသည့်ဒဏ်ရာများဖြင့် ဆေးရုံသို့တင်ပို့ခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထီးချိုင့်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထီးချိုင့်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(R - 20)



  • VIA