News

POST TYPE

LOCAL

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ကမ်ရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေ အထိ ရောက်နိုင်
08-Nov-2019

ဓာတ်ပုံ - မိုးဇလ

တောင်ငူ၊ နိုဝင်ဘာ ၈

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော BULBUL ဆိုင်ကလုန်းမုန်တိုင်းကြောင့် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ၁၀ ပေမှ ၁၅ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလက အသိပေးလိုက်သည်။

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်များအရ အဆိုပါ ဆိုင်ကလုန်း BULBUL သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (ဩရိဿကမ်း‌ခြေ) တောင်-အရှေ့တောင်ဘက် ရေမိုင်၂၀၅ မိုင်ခန့်၊ စာဂါကျွန်း အနောက် ဘင်္ဂလားပြည်နယ် တောင်-အနောက်တောင် ရေမိုင် ၂၈၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့်၊ မြန်မာနိုင်ငံစစ်တွေမြို့၏ အနောက်တောင်ဘက်ရေမိုင် ၃၅ဝ မိုင်ခန့်နှင့် မောင်တောင်မြို့ အနောက်တောင်ဘက် ရေမိုင် ၃၅၀ ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မြန်မာကမ်းရိုးတန်းသို့ ဦးတည်ခြင်း မရှိသောလည်း အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL) ၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက် (၄၈) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ယင်းထုတ်ပြန်အရ သိရသည်။

မုန်းတိုင်းသက်ရောက်မှု အကျိုးဆက်က အဓိက အတွင်းစည်း အပြင်စည်း ရှိတယ်။ အခု ရခိုင်နဲ့ ဧရာဝတီက သက်ရောက်မှုပိုများတာ အတွင်းစည်းရောက်နေလို့ပါ။ အာ့ဒီမှာတောင် ဟိုင်းကြီးကျွန်းနဲ့ လပွတ္တတာမတူပါဘူး။ အတွင်းစည်းရောက်နေတဲ့ ဟိုင်းကြီးကျွန်းက သက်ရောက်မှုပိုများမယ်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခုလက်ရှိတော့ ကျွန်တော့ ငါးဖမ်းလှေတွေကော တခြားလှေတွေကော ငရုတ်ကောင်းအနီး ဘုတ်ပင်ဆိပ်ချောင်းမှာ ကမ်းခိုနေကြပြီ။ မုန်တိုင်းပြီးမှ ပြန်ထွက်မယ်။ ခုထိတော့ လုံခြုံစိတ်ချရတဲ့အနေထားမှာ ရှိသေးတယ်ဟု ငရုတ်ကောင်းဒေသခံ ငါးဖမ်းလုပ်ငန်းရှင် ဦးဝင်းစိုးက ပြောကြားသည်။

R-15