News

POST TYPE

LOCAL

စိမ်းရောင်စို Activities (မန္တလေး) က အမြန်လမ်းအနီးတွင် စေတီတည်
16-Oct-2019

မန္တလေး၊ အောက်တိုဘာ ၁၅

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသော စိမ်းရောင်စို Activities (မန္တလေး) က အသင်းတည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမြန်လမ်းအနီးတွင် စေတီတည်ထားမည်ဖြစ်သည်။

ယင်းစေတီကို မြတ်ဗုဒ္ဓလေးဆူ အောင်တော်မူ စိမ်းရောင်စို ဆုတောင်းပြည့်စေတီတော်ဟု အမည်ပေးထားပြီး အများကောင်းမှုဖြင့် တည်ထားလျက်ရှိကြောင်း စိမ်းရောင်စို Activities တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စေတီကို ရန်ကုန်-မန္တလေးအမြန် လမ်း မိုင်တိုင် ၃၅၀/၅ အနီး မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သဲမောင်းကန်ကျေးရွာ၊ ကန်ကြီးတောရကျောင်း အရှေ့မြောက်ကုန်းတော်ပေါ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ပန္နက်တင်မင်္ဂလာ ပြုလုပ်တည်ထားလျက်ရှိကြောင်း၊ ယင်းစေတီမှာ အုတ်ခုံမှစေတီ ထီးတော်အထိ ဉာဏ်တော်အမြင့် ၁၇ ပေ ကျော်ရှိကြောင်း သိရသည်။

မြတ်ဗုဒ္ဓလေးဆူ အောင်တော်မူ စိမ်းရောင်စို ဆုတောင်းပြည့်စေတီတော် တည်ထားရာတွင် လှူဒါန်းလိုပါက ကိုဝင်းမြင့်သန်း ဝ၉ ၇၈၂၀၀၁၈၂၇၊ ကိုရာကျော် ဝ၉ ၂၅၉၀၉၅၃၂၂၊ ကိုသန်းထွဋ်ကို ဝ၉ ၄၃၁၈၂၁၀၂ တို့ထံ ဆက်သွယ်နိုင်သည်။

စိမ်းရောင်စို Activities (မန္တလေး) ကို ၂၀၁၀ ပြည့်နှစ်တွင်စတင်ဖွဲ့စည်းပြီး မန္တလေးမြို့နှင့် အနီးဝန်းကျင်မြို့များတွင် အရိပ်ရသစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

M-01