News

POST TYPE

LOCAL

တောင်ငူတွင် အမျိုးသမီးတစ်ဦးကို ဓါးထောက်ပြီး အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီး
24-Aug-2019

တောင်ငူ၊ သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ဘုရားခြေရင်းကျေးရွာနေ အိမ်ထောင်ရှိသော အမျိုးသမီးတစ်ဦးကို ဓါးထောက်ပြီး မုဒိမ်းမှုကျုးလွန်ခဲ့သည်ဟုဆိုသော အသက် ၆၀ အရွယ် အမျိုးသားကို သြဂုတ် ၂၃ ရက် ညနေပိုင်းတွင် ဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှ သိရသည်။

“လက်တစ်လောမှာတော့ ကျူးလွန်တယ် မကျုးလွန်ဘူး မပြောနိုင်သေးပါဘူ။ တရားရုံးရောက်မှ စစ်ဆေးပေါ်ပေါက်လို့ ပြစ်မှုကျုးလွန်ရင် အပြစ်ပေးတာခံရမှာပါ” ဟု အမှတ် ၃ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အသက် ၂၁ နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသမီးသည် ယခုနှစ် ဧပြီလခန့် (နေ့ ရက် မမှတ်မိ) ည ၉ နာရီခွဲခန့်တွင် နေအိမ်တွင် အိပ်ပျော်နေစဉ် ခြံချင်းကပ်နေ ဦးဝင်းအောင် (၆၀ နှစ်) ရောက်လာကာ ရင်ဘတ်ကို ဓားဖြင့်ထောက်ပြီး အလိုမတူ သားမယားအဖြစ် နှစ်ကြိမ် ပြုကျင့်ခဲ့ပြီးနောက် အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် အသိပေးတိုင်ကြားမှုမလုပ်ခဲ့သော်လည်း သြဂုတ်လ ၂၃ ရက်နေ့ကမူ ကိုယ်ဝန်ရှိနေမှန်းသိရှိခဲ့ရသဖြင့် အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ယင်းအမှုကို တောင်ငူမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှ (ပ) ၅၃၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

R-15