POST TYPE
LOCAL
အပူဒဏ်ကြောင့် မန္တလေးဆေးရုံကြီးသို့ လူနာ ၄၀ ကျော်ရောက်၊ ငါးဦးထက်မနည်းသေဆုံး
14-May-2019
မန္တလေး၊ မေ ၁၃
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ယခုနှစ် နွေရာသီကာလအတွင်း နေ့အပူရှိန် မြင့်မားမှုကြောင့် ဖြစ်ပွားတတ်သည့် သတိလစ် မေ့မြောသည့် လူနာ ၄၀ ကျော် ရောက်ရှိခဲ့ပြီး သေဆုံးပြီးရောက်ရှိသူနှင့် ဆေးရုံတွင် သေဆုံးသူ ငါးယောက်ထက်မနည်းရှိကြောင်း ယင်းဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။
“Heat Stroke လူနာက ရောက်နေတယ်။ အရမ်းပူတဲ့နေ့တွေဆို ပိုပြီးရောက်တတ်ပါတယ်။ သြင်္ကန်ပြီးကနေ ခုချိန်ထိဆိုရင် လူနာပေါင်းက ၄၀ ကျော်လောက်ရှိမယ်။ ဆေးရုံမှာ နေ့စဉ် ရေခဲကို ပေါင်ကိုးရာလောက် ပြင်ဆင်ထားတာကို မနေ့ကဆို မလောက်လို့ အခက်အခဲဖြစ်သွားတယ်။ ရောက်တဲ့ လူနာတွေကို ရေချိုးပေးရတာ”ဟု ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောဆိုသည်။
မန္တလေးမြို့၏ နေ့အပူချိန်သည် ဧပြီလအတွင်းမှစတင်ကာ မြင့်တက်လာခဲ့ပြီး မေလအတွင်းတွင် နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီရိတ်ကျော်တွင်သာ ရှိနေခဲ့ပြီး မေလ ၁၃ ရက်နေ့က နေ့အပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ်ရှိသကဲ့သို့ မေလ ၁၄ ရက်နေ့တွင် ၄၃ ဒီဂရီစင်တီဂရိတ် ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
မန္တလေးမြို့တွင် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ၂၀၁၀ ခုနှစ်အတွင်းက မြင့်တက်ခဲ့ဖူးပြီး ယင်းနှစ်အတွင်း အပူကြောင့် သတိလစ်မေ့မြောပြီး သေဆုံးသူလူနာ ရာဂဏန်းအထိ မြင့်တက်ခဲ့ဖူးသည်။
M-04
- VIA
- Voice Admin
- SOURCES
- The Voice
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
05-Dec-2019
-
01-Dec-2019