POST TYPE
LOCAL
ရှမ်းပြည်ဦးစောနိုင်အတွက် ရုပ်ရှင်အစည်းအရုံး၏ ထောက်ပံ့ငွေကို သရုပ်ဆောင်ကစ်ကစ်အတွက် ပြန်လည်လှူဒါန်း
06-May-2019
တောင်ငူ၊ မေ ၆
ရဟန်းဘဝဖြင့် ပျံလွန်တော်မူခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ရှမ်းပြည်ဦးစောနိုင် (ဦးစန္ဒိမာ) အတွက် ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေ ကျပ်တစ်သိန်းခွဲလှူဒါန်းထားရာ ယင်းငွေကို ကျန်းမာရေးမကောင်း၍ ဆေးရုံတက်နေရသည့် သရုပ်ဆောင်ကစ်ကစ်အတွက် ပြန်လည်လှူဒါန်းခဲ့ကြောင်း ရှမ်းပြည်ဦးစောနိုင်၏တူဖြစ်သူ အုတ်တွင်းမြို့နယ် ရင်ခုန်သံဆရာတော် ရှင်တေဇသီရိက မိန့်ကြားသည်။
“ဒီနေ့ (မေလ ၆ရက်) မွန်းလွဲ ၁ နာရီကျော်လောက်မှာ ကိုယ်တိုင်ပေးအပ်လှူဒါန်းပေးခဲ့ပါတယ်။ အစည်းအရုံးက ထောက်ပံ့ပေးတဲ့ငွေမှာ ဘုန်းကြီးက တစ်သိန်း၊ စေတနာရှင်အချို့က လှူဒါန်း ငွေကျပ်တစ်သောင်းခွဲနဲ့ပေါင်းပြီး စုစုပေါင်း ကျပ်နှစ်သိန်းခွဲကျော်ပါ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဇာတ်ပို့၊ ဟာသသရုပ်ဆောင် ကစ်ကစ်သည် ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ ဆေးရုံကြီး၊ ရင်ခေါင်းနှင့် အဆုတ် အထူးကုဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက တက်ရောက်ကုသနေခြင်းဖြစ်ပြီး ၎င်းအတွက် အဆိုတော်ပိုပိုနှင့် မိတ်ဆွေများကလည်း ထောက်ပံ့ကူညီခဲ့ကြောင်း လူမှုကွန်ရက်တွင် မေလ ၂ ရက်က ဖော်ပြထားသည်။
R-15
- VIA
- Voice Admin
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021