News

POST TYPE

LOCAL

ဧရာဝတီ (Daily, Vol-7/No-20)
05-May-2019
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းမှ မေခနှင့်မလိခ မြစ်နှစ်သွယ်ပေါင်းဆုံရာ မြစ်ဆုံမှသည်  မြစ်ဝကျွန်းပေါ်ဒေသအထိ စီးဆင်းလာသော ဧရာဝတီမှာ မြန်မာနိုင်ငံ၏ အသက်ဝိညာဉ် သွေးကြောတစ်ခုဖြစ်သည်။ မိုင်ပေါင်း ၁၃၀ဝ ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မှီခိုကျက်စာနေရသော လူသားတို့ဘဝများနှင့်  မြန်မာ့ကျေးလက်သဘာဝမြင်ကွင်းများ၊ တကောင်းမြိုဟောင်းများသာမက ဆောင်းခိုငှက်များနှင် ဧရာဝတီလင်းပိုင်းတို့ ကျက်စားနေမှုများမှာ မရိုးနိုင်သော ဧရာဝတီ၏ အထင်ကရပုံရိပ်များ ဖြစ်ပေသည်။ ဧရာဝတီမြစ် အထက်ပိုင်း (မန္တလေးမှ ဗန်းမော်) ပုံရိပ်အချို့ကို ဖော်ပြပေးခြင်းဖြစ်ပါသည်။

ဓာတ်ပုံ - ထင်အောင်ကျော်

ဧရာဝတီမြစ်လယ်မှ နေဝင်ချိန်အလှ

ရွှေကူမြို့အနီးရှိ ရွှေပေါ်ကျွန်းဘုရား

ရွှေကူနှင့်ဗန်းမော်ကြားရှိ ဧရာဝတီမြစ်ကျဉ်းအစ

ဧရာဝတီမြစ်သို့ လာရောက်ကြသည့် တင်ကျီးငှက် ခေါ်ဆိုသည့် ဆောင်းခိုငှက်များ

ကျောက်မြောင်းမြို့အနီးရှိ ကျွန်းစိုက်ခင်း

နာမည်ကျော် ဧရာဝတီလင်းပိုင်

တကောင်းမြို့အနီးရှိ သဲသောင်ခုံကမ်းစပ်