News

POST TYPE

LOCAL

ကျောင်းသားလူငယ်ထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်ရေး အမျိုးသားရေး လှုပ်ရှားမှုအသွင် ဆောင်ရွက်ရန် စီစဉ်
21-Apr-2019

ရန်ကုန်၊ ဧပြီ ၂၁

ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး ကင်းဝေးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့်ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာစေရန် အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ထိုကဲ့သို့ အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်ရန် ပညာရေးဝြန်ကီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မဟာဗျူဟာ၊ စီမံကိန်းနှင့် မူဘောင်များ ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသားရေး လှုပ်ရှားမှုအသွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည။်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေး အန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များကို ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး ကိစ္စရပ်များကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၇ သန်းခန့် ရှိသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး အသိပညာ ဗဟုသုတများ ကြွယ်ဝကျန်းမာ၍ ကျန်းမာရေး အသိပညာနှင့် အလေ့အကျင့်များ ဆင့်ပွားဝေမျှနိုင်ပါက ပို၍ကျန်းမာသန်စွမ်းလာမည်ဖြစ်ကြောင်း အမျိုးသားရေး လှုပ်ရှားမှုအသွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။ 

J-12