News

POST TYPE

LOCAL

ရန်ကုန်လေဆိပ်တွင် နိုင်ငံခြားသား သုံးဦးထံမှ ကျပ်သန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
11-Mar-2019
ရန်ကုန်၊ မတ် ၁၁

မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာဆောင်တွင် မတ်လ ၁၁ ရက် နံနက် ၁ နာရီက နိုင်ငံခြားသား အမျိုးသားသုံးဦးထံမှ ကျပ်သန်း ၁၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ နံနက် ၁ နာရီကျော်အချိန်တွင် မင်္ဂလာဒုံမြို့နယ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာမည့် Cathay Dragon လေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ခရီးသည်များတွင် ပါရှိသည့် အိတ်များကို Termibal-1 ရှိ X-Ray စက်တွင် ဖြတ်သန်းစစ်ဆေးချိန် UK နိုင်ငံသား Mr. Sunwar Yogendra, Mr. Limbu Yogendra နှင့် နီပေါနိုင်ငံသား Mr. Rana Yiburan တို့ သုံးဦး၏လက်ဆွဲအိတ် လေးလုံးထဲမှ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အခု ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေက ဘိန်းဖြူတွေပါ။ ဒီမူးယစ်ဆေးဝါးတွေကို နီပေါနိုင်ငံသား တစ်ယောက်က တာချီလိတ်မြို့က ဟိုတယ်တစ်ခုမှာ အခု ဖမ်းဆီးထားသူတွေကို ပေးလိုက်တယ်လို့ စစ်ဆေးသိရှိရတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါးတွေပါရှိတဲ့ လက်ဆွဲအိတ်ကို ပေးလိုက်သူ နီပေါနိုင်ငံသား ဂျက်ဆိုသူကို အခုထိ မမိသေးဘူး။ ဒါကြောင့် အအမှုရဲ့နောက်ကွယ်က ကွင်းဆက်တရားခံတွေ အများကြီး ရှိနေတာကို ဖော်ထုတ် အရေးယူနိုင်အောင် မူးယစ်ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ပေးသေးတာ။”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်လေဆိပ်တွင် ကာလပေါက်ဈေး ကျပ်သန်း ၁၁၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသော နိုင်ငံခြားသားသုံးဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းက မူစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကွင်းဆက်ကျူးလွန်သူကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03