News

POST TYPE

LOCAL

ဖခင်ကို ဓားနှင့်လိုက်ထိုးသည့်သား တုတ်ဖြင့်အရိုက်ခံရ၍ သေဆုံး
30-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဖားရံနွဲ့ရွာတွင် မူးယစ်ဆေးကြောင်ကာ ဖခင်ဖြစ်သူကို ဓားဖြင့်လိုက်ထိုးသည့်သားကို ဖခင်က တုတ်ဖြင့်ပြန်ရိုက်၍ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက သေဆုံးသွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။

“၂၈ ရက် ညနေပိုင်းက ဆေးကြောင်ပြီး အိမ်မှာသောင်းကျန်းနေလို့ သားကို အဖေက တားမြစ်ချိန်မှာ ဓားနဲ့လိုက်ထိုးတဲ့အတွက် အဖေက တုတ်နဲ့ခေါင်းကို တစ်ချက်ရိုက်လိုက်တယ်။ ဒဏ်ရာကို အိမ်မှာဆေးကုခဲ့ပေမယ့် နောက်တစ်ရက်အကြာမှာ သေဆုံးခဲ့တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် သားဖြစ်သူ ကျဟဲ (၃၄ နှစ်) သည် ဝဲဘက်နားထင်စပ် နားရွက်နောက်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိပြီး သေဆုံးသွားခဲ့၍ ဖခင်ဖြစ်သူ ဦးရှဲန်ကျိုး (၅၈ နှစ်)ကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16