News

POST TYPE

LOCAL

ဧရာဝတီတိုင်းအစိုးရဟောင်း ၅ ဘီလီယံကျော် ငွေသားဖြင့်ပြန်ပေးမည်ဟု အကြောင်းပြန်
22-Oct-2018
ပုသိမ်၊ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက လွှဲပြောင်းရန်ကျန်ရှိနေသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံကို တိုင်းအစိုးရသစ်၏ချမှတ်သော မူနှင့်အညီ ငွေသား သက်သက်ပြန်ပေးမည်ဟု ယခင်အစိုးရ တာဝန်ရှိသူများက အကြောင်းပြန်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အစိုးသစ်၏မူဖြစ်သော ယင်းရန်ပုံငွေများကို ငွေသားသက်သက်ဖြင့် သတ်မှတ်အချိန်အတွင်း ပေးနိုင်ရန် ယခင်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်ပါဝင်သော ဧရာဝတီ ပညာ၊ ကျန်းမာဘက် စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရသစ်တာဝန်ရှိသူများထံ လာရောက်တွေ့ဆုံ၍ အကြောင်း ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

ဘဏ်လက်ကျန်ငွေ ၃ ဘီလီယံကျော်နှင့် လုပ်ငန်းရှင်များဖြင့် အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် ၁ ဘီလီယံကျော်ကို ရက် ၃၀ အတွင်း အပြီးပေးသွင်းရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သုံးထားသည့် ကျန်ငွေများကို ရက်ပေါင်း ၆၀ အတွင်း ငွေသားသက်သက်ဖြင့် ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း အစိုးရသစ်၏ ယင်းငွေများလွှဲပြောင်းရမည့်မူတွင် ပါရှိသည်။

“အစိုးရသစ်ရဲ့မူအရ ပေးအပ်ဖို့ ဆောင်ရွက်ထားပါတယ်”ဟု ဧရာဝတီပညာ၊ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကြည်အောင်က ပြောဆိုသည်။

R-12