News

POST TYPE

LOCAL

ဆေးကုခွင့်လိုင်စင်မရှိဘဲ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးပေးသည့် အမျိုးသမီးကိုဖမ်းဆီး
14-Oct-2018

ပုသိမ်၊ အောက်ဘိုဘာ ၁၄

ဧရာဝတီတိုင်း ပုသိမ်မြို့ ရပ်ကွက်များအတွင်း ဆေးကုသခွင့်လိုင်စင်မရှိဘဲ အခငွေကြေးဖြင့် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးလိုက်လံထိုးပေးနေသည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာလ ၁၂ ရက်တွင် ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ပုသိမ်မြို့အမှတ် ၁ ရပ်ကွက် ဆင်းသီရီ ၃ လမ်း၌ နေထိုင်သူ ဒေါ်နှင်းကျော့စံ (၃၇ နှစ်)ဆိုသူက ယင်းရပ်ကွက်အတွင်း အမျိုးသမီးများကိုစုရုံးစေပြီး သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

“သူ (ဒေါ်နှင်းကျော့စံ) က လူမှုရေးအဖွဲ့တစ်ခုနဲ့ သားဆက်ခြားအသိပညာပေးလုပ်ငန်း HIV အသိပညာ ပေးလုပ်ငန်းတွေမှာ ဝင်လုပ်ရင်း ဆေးအကြောင်း နားလည်နေတာ”ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ ဦးအေးလင်းက ပြောဆိုသည်။

သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသည့် ဒေါ်နှင်းကျော့စံကို ပုသိမ်မြို့မ ရဲစခန်းမှ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ ဖြင့် အမှုရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-12