News

POST TYPE

LOCAL

ဘိုကလေးတွင် ငါးဖမ်းပိုက်ထောင်သူ မိချောင်းကိုက်ခံရ
12-Oct-2018
ပုသိမ်၊ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ဆတ်ကျွန်း ကျေးရွာအုပ်စု ဝိုင်းကျွန်း အလယ်စုကျေးရွာအနီး မြစ်တွင် ၌ အောက်တိုဘာ ၁၁ ရက်နေ့ ည ၉ နာရီခန့်က ဘုံဝန်းငါးဖမ်း ပိုက်ထောင်သည့် အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရကြောင်း ဘိုကလေး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှသိရသည်။

ယင်းမြို့နယ် ရွှေပြည်သာ ဝဲချောင်း ကျေးရွာနေသက် ၃၉ နှစ်ရှိ ဦးထွန်းးဝင်းက ၎င်း၏ ဇနီးနှင့်အတူ ဘုံဝန်းပိုက် ထောင်အပြီး ရေချိုးပြီးနောက် လှေပေါ်မှ မြစ်ထဲသို့ ခြေထောက်ချဆေးကြောနေစဉ် မိကျောင်းကိုက်သဖြင့် ဝဲဘက်ခြေထောက် ဒူးဆစ်အထက်မှနေ၍ ပြတ်သွားကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက The Voice သို့ပြောသည်။

“ဘိုကလေးမြို့နယ် ချောင်းထဲမှာဖြစ်တာပါ ဒဏ်ရာပြင်းထန်တော့ အသက်အန္တရာယ် စိုးရိမ်ရလို့ ဖျာပုံ ခုတင် ၂၀၀ ဆေးရုံကို ညတွင်း ပို့ပြီးကုသရပါတယ်”ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ဘိုကလေးမြို့နယ်သည် ပင်လယ်ကမ်းခြေနှင့်နီးစပ်ခြင်း ရေချိုရေငန်စပ်မြစ်ချောင်းများ ပေါများခြင်း ဒီရေတောနှင့် လတာပြင်များ ပေါများခြင်းကြောင့် မိချောင်းများ ကျက်စားရှင်သန်နေသည့် ဒေသဖြစ်ကြောင်း ဧရာဝတီတိုင်း သစ်တောဦးစီးဌာနမှ သိရသည်။

R-12