News

POST TYPE

LOCAL

တာချီလိတ်တွင် မူးယစ်ဆေးဝါးများနှင့်ကျည်ဆန်များ ဖမ်းမိ
04-Oct-2018


ကျိုင်းတုံ၊ အောက်တိုဘာ ၄

ထိုင်း-မြန်မာနယ်စပ် ရှမ်းအရှေ့ တာချီလိတ်မြို့နယ် ဧဒင်ရွာ အေးရိပ်မြိုင်လမ်းပေါ်တွင် အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီခန့်က မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့်ကျည်ဆန်များ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက"အမျိုးသားနှစ်ဦး စီးလာတဲ့ကားကို စစ်ဆေးတော့ စိတ်ကြွဆေးပြား ၃၆၀၀ နဲ့ ပွိုင့် ၄၅ ကျည်ဆန် ၄၅ တောင့် အပါအဝင် ကျပ်ငွေနဲ့ထိုင်းနိုင်ငံသုံး ဘတ်ငွေတွေပါ ဖမ်းမိခဲ့တယ်"ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အားဟိုး (၃၅ နှစ်)နှင့်ပီဆာ (၃၆ နှစ်) တို့နှစ်ဦးကို မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)/၂၁/၂၂(ခ) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

အလားတူ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်းရဲကင်းအနီး မြရွှေရည် ရေပူစမ်းသွား လမ်းမပေါ်တွင် အောက်တိုဘာ ၂ ရက် ည ၁၀ နာရီခန့်က စီးနင်းသူမရှိဘဲ လဲကျနေသည့်ဆိုင်ကယ်ကို စစ်ဆေးရာမှ ကျပ် ၈၄ သိန်းခန့်တန်ဖိုးရှိ ဘိန်းစိမ်း ၈ ဒသမ ၄ ကီလိုကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့၍ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16