POST TYPE
LOCAL
ဇီဝအကြမ်းဖက်မှုအရေး ဂျာမနီကျန်းမာရေးဝန်ကြီး အမေရိကတွင် ဆွေးနွေး
03-Oct-2018

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂
အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်သို့ ဂျာမနီကျန်းမာရေးဝန်ကြီး ဂျန်စ်စဖန်သွားရောက်ခဲ့ပြီး အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်တန်နှင့်တွေ့ဆုံခဲ့ကာ ဇီဝအကြမ်းဖက်မှုအရေး ဆွေးနွေးခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြထားသည်။
ဇီဝလက်နက်များအရေး၊ အကြမ်းဖက်မှုနှင့် ကူးစက်ရောဂါများအကြောင်းတို့ကို ဂျွန်ဘော်တန်နှင့် ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
“ဒီကဏ္ဍတွေမှာ အလုပ်တွေ ပူးတွဲပိုလုပ်ဖို့သဘောတူထားပါတယ်။ ဒါမှသာ အကျပ်အတည်းကာလတွေမှာ ပိုမိုလျှင်မြန်စွာ တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်” ဟု စဖန်က ပြောကြားခဲ့သည်။
“ဇီဝအကြမ်းဖက်မှုဆိုတာ နွမ်းပါးသူတွေအတွက်တော့ နျူကလီးယားဗုံးပဲဖြစ်ပါတယ်”ဟု ဂျာမနီဝန်ကြီးက ပြောကြားသည်။
“နည်းနည်းနဲ့ ကြောက်စရာကောင်းအောင် တိုက်ခိုက်နိုင်တဲ့ဟာပါ။ ဒါကြောင့် ဒီကဏ္ဍမှာ ကျွန်တော်တို့ရဲ့ အမေရိကန်လုပ် ဖော်ကိုင်ဘက်တွေနဲ့ နီးကပ်စွာပူးတွဲ အလုပ်လုပ်ဖို့ လိုပါတယ်”ဟု ဝန်ကြီးဂျန်စ်စဖန်က ပြောကြားသည်။
ဂျာမနီအနေနှင့် အမေရိကန်ပြည် ထောင်စုထံမှ ဇီဝအကြမ်းဖက်မှုဆိုင်ရာ အရေးကိစ္စများကိုလေ့လာရန် ရှိသည်ဟုလည်း ဖြည့်စွက်ပြောကြားထားသည်။
ပြီးခဲ့သည့်ဇွန်လက အလွန်ပြင်းသောအဆိပ် ရီဆင်ဖြင့် ကိုလုံးမြို့ကိုတိုက် ခိုက်သည့် တရားခံတစ်ဦးအဖြစ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။
ဂျာမနီကျန်းမာရေးဝန်ကြီး ဂျန်စ်စဖန်သည် အမေရိကန်ပြည်ထောင်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ဘာလင်ရောက် အမေရိကန်သံအမတ် ရစ်ချက်ဂရီနယ်နှင့် ခင်မင်ရင်းနှီးသည်။
“အချို့ခေါင်းစဉ်တွေမှာ ကျွန်တော်တို့ဟာ မတူညီတဲ့အမြင်တွေရှိကြပါတယ်။ ဒါပေမဲ့ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးဟာ twitter ပေါ်မှာ ရေးတာတွေထက် များစွာအရေးကြီးပါတယ်” ဟု ဂျာမနီဝန်ကြီးက ဆိုသည်။
ရံဖန်ရံခါ ဂျာမနီအဓိပတိမာကယ်လ်ကို ဝေဖန်မှုများပြုတတ်သော ကျန်းမာရေးဝန်ကြီးသည် ၎င်း၏အမေရိကသို့ ပထမဆုံးဝန်ကြီးခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
F-02
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021