News

POST TYPE

LOCAL

မလေးရှားတွင် အရက်ဆိပ်သင့်မှုကြောင့် အမျိုးသား ၁၅ ဦးသေဆုံးပြီး ၃၃ ဦးကိုဆေးရုံတင်လိုက်ရ
19-Sep-2018


ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ 

မလေးရှားနိုင်ငံတွင် အရက်အဆိပ်သင့်မှုကြောင့် အမျိုးသား ၁၅ ဦးသေဆုံးပြီး ၃၃ ဦးကို ဆေးရုံတင်လိုက်ရကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါအမျိုးသားများသည် ကလန်ဗယ်လီရပ်ကွက်ရှိ စတိုးဆိုင်များမှ ဝယ်ယူခဲ့သော အရက်နှင့်ဘီယာတို့ကို သောက်သုံးပြီးနောက် အဆိပ်သင့်ခဲ့ကြခြင်းဖြစ်သည်။ ဆီလန်ဂေါ ရဲဌာနမှ ရဲချုပ် မာဇန်မန်ဆောက အဆိပ်သင့်ခံရသူများမှာ မလေးရှား၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်လူမျိုးများဖြစ်ကြသည်။ 

ရဲချုပ်၏အဆိုအရ ၎င်းအဆိပ်သင့်သူများသည် တံဆိပ်မတူသော ဝီစကီနှစ်မျိုးနှင့် ဘီယာတစ်မျိုးတို့ကို သောက်သုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ အာဏာပိုင်များက သေဆုံးသူများ၏ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီးနောက် ရရှိလာမည့်အဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ 

မလေးရှားပြည်တွင်းသတင်းစာများဖြစ်သော The Star နှင့် The Malay Mail တို့၏ရေးသားဖော်ပြချက်အရ ဝီစကီနှစ်မျိုးနှင့် ဘီယာတို့မှာ Mandalay Whiskey၊ Grand Royal Whiskey နှင့် King Fisher Beer တို့ဖြစ်ကြသည်။ 

The New Straits Times သတင်းစာ၏ ရေးသားဖော်ပြချက်အရ ရဲအာဏာပိုင်များက စတိုးဆိုင်နှစ်ဆိုင်မှ အရက်ဖာ ၂၀ ကျော်ခန့်ကို သိမ်းဆည်းလိုက်သည်။ ယင်းစတိုးဆိုင်နှစ်ဆိုင်မှာ မြန်မာနှင့်နီပေါလူမျိုးတို့ ဖွင့်လှစ်ထားသည့် ဆိုင်များဖြစ်သည်ဟု အဆိုပါသတင်းစာက ဆိုသည်။ 

F-01


  • VIA