News

POST TYPE

LOCAL

စစ်ကိုင်းဆရာတော် ဦးသောဘိတကို ဗုဒ္ဓဘာသာခေါင်းဆောင်ထူးချွန်ဆုဆပ်ကပ်မည်
11-Sep-2018


မန္တလေး၊ စက်တင်ဘာ ၁၁

စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းအုပ်ဆရာတော် ဦးသောဘိတကို ကမ္ဘာ့ဗုဒ္ဓဘာသာ မဟာမိတ်များအဖွဲ့အစည်းက ဗုဒ္ဓဘာသာခေါင်းဆောင်ထူးချွန်ဆု ဆပ်ကပ်မည်ဖြစ်ကြောင်း အဆိုပါပညာရေးစင်တာ သတင်းပြန်ကြားရေးကော်မတီထံမှ သိရှိရသည်။

အဆိုပါအဖွဲ့က ဆရာတော်ကို ဆုဆပ်ကပ်မည့်အပြင် နိုင်ငံတကာဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးသံတမန်အဖြစ်လည်း ခန့်အပ်ရန် ရွေးချယ်ထားသည်။ စက်တင်ဘာလ ၂၂ ရက်မှ ၂၇ ရက်အထိ အိန္ဒိယနိုင်ငံ နတ်ပူမြို့တွင်ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံတွင် ဆုဆပ်ကပ်ပြီး သံတမန်အဖြစ် တရားဝင်ခန့်အပ်မည်ဖြစ်သည်။

ဆရာတော်ဦးသောဘိတက “ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကကောင်းတယ်။ သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေမှာက ရောထွေးနေတဲ့အချိန်မှာ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ ဆုတံဆိပ်တွေများများရလေ တို့တိုင်းပြည်အတွက် ပိုကောင်းတာပေါ့။ နိုင်ငံတကာက အသိအမှတ်ပြုလေ ဗုဒ္ဓဘာသာက ငြိမ်းချမ်းတဲ့ဘာသာဆိုတာပိုပြီးတော့ ပြောလို့ကောင်းလေလေပေါ့”ဟု မိန့်ကြားသည်။

ဆရာတော်ဦးသောဘိတသည် ကမ္ဘာ့ကုလသမဂ္ဂကပေးအပ်သည့် Stockholm World Prize 2018 ကိုလည်း ရရှိထားသည်။ အဆိုပါဆုသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသူများကို ရွေးချယ်ပေးခြင်းဖြစ်သည်။ ယခုနှစ်ဆုတွင် ငါးဦးချီးမြှင့်ခံရသည့်အနက် မြန်မာနိုင်ငံမှ ဆရာတော်ဦးသောဘိတလည်း ရွေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည်။

M-05









  • VIA