News

POST TYPE

LOCAL

ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ရန်ကြံသော ရဟန်းတစ်ဦးကိုဖမ်းဆီး
10-Sep-2018
မိတ္ထီလာ၊ စက်တင်ဘာ ၉

မိတ္ထီလာမြို့ ကျီတော်ကုန်း ရပ်ကွက်တွင်နေထိုင်သော ပထမတန်း ကျောင်းသူတစ်ဦးကို ညစ်ညမ်းဗီဒီယိုပြ၍ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည်ဆိုသော ရဟန်းတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။ 

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်က ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် ကစားနေသော အဆိုပါကျောင်းသူကို အသက် ၂၉ အရွယ်ရှိ ဦးပဉ္စင်း ဦးဝိလာသ (ခ) လူ အမည် လင်းလင်းက ဗီဒီယိုပြမည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် ၎င်း၏ဖုန်းအတွင်း၌ရှိသော ညစ်ညမ်းဗီဒီယိုဖိုင်ကို ပြသခဲ့ကြောင်း၊ ယင်းနောက် အဓမ္မ ပြုကျင့်ရန်ကြံစည်ရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဝိလာသ (ခ) လင်းလင်းကို ယင်းနေ့ည ၈ နာရီခန့်အချိန်တွင် ၎င်းကိုယ်တိုင် လူထွက်စေခဲ့ပြီး အမှတ် ၂ နယ်မြေ ရဲစခန်းက (ပ) ၃၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။ 

R-01


  • VIA