News

POST TYPE

LOCAL

ဗန်းမော်တစ်ဖက်ကမ်း ရွာ၂ ရွာ မီးလင်းရေးလုပ်ဆောင်
09-Sep-2018
ဗန်းမော် ၊ စက်တင်ဘာ ၈ 

ကချင်ပြည်နယ် ဗန်းမော်မြို့ တစ်ဖက်ကမ်း ကျွန်းရွာ၂ ရွာတွင် ကျေးရွာအရောက် မီးလင်းရေးစီမံချက်ဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ပြောကြားသည်။ 

“လျှပ်စစ်မီး သွယ်တန်းလို့ရတဲ့ ကျေးရွာတွေကို လျှပ်စစ်မီးသုံးရအောင်လုပ်မယ်၊ သွယ်တန်းလို့ မရနိုင်တဲ့ ကျေးရွာတွေကိုလည်း ဆိုလာလျှပ်စစ်မီးရအောင် လုပ်ပေးမယ်၊ ဒါပေမဲ့ ကိုယ့်ဒေသမီးလင်းဖို့ ကိုယ်က ဦးဆောင်အားထည့်မှရမယ်”ဟု ၎င်းက ဆိုသည်။ 

လျှပ်စစ်ဝန်ကြီးဌာန၏ ၂၀၂၀ ခုနှစ်တွင် ကျေးရွာအရောက် မီးလင်းရေးစီမံချက်ဖြင့် လုပ်ဆောင်ရာ ကျွန်းကြီး၊ မိုင်းကာ၊ မံပင်၊ ကုန်းခါး ၊ ကမ်းနီကျေးရွာ စသည့် ရွာ ၅ ရွာအနက် ကုန်းခါးနှင့် ကမ်းနီးရွာ ၂ ရွာသာ လျှပ်စစ်မီးရရန် ကျန်နေကြောင်း၊ ကျန် ၂ ရွာတွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်၌် အပြီးသွယ်တန်းပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးထွန်းထွန်းဦးက ပြောကြားသည်။ 

“အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ ဝမ်းသာလွန်းလို့ အရမ်းကျေးဇူးတင်ပါတယ်”ဟု မိုင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က ပြောသည်။

ဗန်းမော်မြို့ တစ်ဖက်ကမ်းရှိကျွန်းပေါ်တွင် အိမ်ခြေ ၉၀၀ ကျော်မှာ လျှပ်စစ်မီး ရရှိနေကြောင်း၊ ဒုတိယဘတ်ဂျက်တွင် စင်ခန်းရွာ၌ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးပါက ရွာ ၁၁ ရွာကို မီးပေးနိုင်မည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ဆိုသည်။ 

R-14


  • VIA