News

POST TYPE

LOCAL

SEAOP ကုမ္ပဏီက ပျဉ်းမနားတွင် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်း
07-Sep-2018

ရန်ကုန်၊စက်တင်ဘာ ၇

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက် ၈ နာရီတွင် သုံးထပ်ကျောင်းဆောင်သစ်ကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်း SEAOP ကုမ္ပဏီက လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီ၊ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် SEAOP  ကုမ္ပဏီက တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

SEAOP  ကုမ္ပဏီအနေဖြင့် အလျားပေ ၂၁၀၊ အနံပေ ၃၀ ရှိသော သုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၃၉၆၀ ကျော်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

J-06