News

POST TYPE

LOCAL

ပြည်ခိုင်ဖြိုးပါတီဝင် အချင်းချင်း လိမ်လည်မှုဖြင့်အမှုဖွင့်
06-Sep-2018
ကျိုင်းတုံ၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် စက်တင်ဘာ ၅ ရက် ည ၈ နာရီခန့်က ပြည်ခိုင်ဖြိုး ပါတီဝင်အချင်းချင်း လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းတုံမြို့ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ပါတီဝင်များ သက်သာချောင်ချိရေးဆွဲနေတဲ့ ရွှေခြင်္သေ့ သုံးဘီးဆိုင်ကယ်အသင်းဥက္ကဋ္ဌက အသင်းနာယကကို အမှုဖွင့်တာပါ။ နာယကဆိုသူက သူ့နာမည်နဲ့ သုံးဘီးကတ်အသစ်တွေထုတ်ပြီး လစဉ်ကြေးတွေ ကောက်ခံလို့ဆိုပြီး တိုင်ကြားချက်မှာတော့ပါတယ်။ ဒီပြဿနာက ရှုပ်ထွေးပြီး ဖြစ်နေတာကြာပြီ”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရွှေခြင်္သေ့ သုံးဘီးဆိုင်ကယ်အသင်းဥက္ကဋ္ဌ ဦးစိုင်းထွန်းခိုင်(၆၁ နှစ်)က တရားလိုပြုလုပ်တိုင်ကြားခဲ့၍ ယင်းအသင်း ဒုတိယနာယကဖြစ်သူ ဦးဘိုစံကို ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း တာချီလိတ်ရဲစခန်းထံမှ သိရှိရသည်။

R-16