News

POST TYPE

LOCAL

ဘင်္ဂါလီလူမျိုးပိုင် လယ်မြေများကို စာရင်းကောက်
04-Sep-2018
စစ်တွေ၊ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်ရှိ နိုင်ငံသား ဘင်္ဂါလီလူမျိုးပိုင် လယ်မြေများကို အစိုးရက ဩဂုတ်လကုန်ပိုင်းမှစ၍ စာရင်းများ ကောက်ယူနေကြောင်း ပြည်နယ် စိုက်ပျိုးမွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က The Voice သို့ ပြောသည်။ 

“ကျွန်တော်တို့ပြည်နယ်မှာ မူရင်းဒေသခံ တိုင်းရင်းသားတွေပိုင်တဲ့ လယ်ယာမြေတွေ ဘယ်လောက်ရှိတယ်၊ နိုင်ငံသားဖြစ်နေတဲ့ ဘင်္ဂါလီတွေပိုင်တဲ့မြေတွေကတော့ ဘယ်လောက်ရှိတယ်ဆိုတာ ကွဲကွဲပြားပြားသိအောင်လို့ ကောက်တာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

လယ်မြေစာရင်းအတိအကျမှာ စာရင်းကောက်ယူနေဆဲကာလ ဖြစ်သောကြောင့် အသေးစိတ်အချက်အလက်ကို မသိရသေးကြောင်း ၎င်းထံမှသိရသည်။ 

ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂါလီလူမျိုးများမှာ လယ်ယာမြေပိုင်ဆိုင်မှုများရှိပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခ၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတို့ ဖြစ်ပွားပြီးနောက် အိုးအိမ်နှင့် ၎င်းတို့ပိုင်လယ်ယာမြေများကို ထားရစ်ကာ တိမ်းရှောင်သွားကြသည်။ 

“နိုင်ငံသားဖြစ်တဲ့သူတွေမှ လယ်ယာမြေပိုင်ဆိုင်လို့ရတာ နိုင်ငံသားမဟုတ်တဲ့သူတွေမှာ ပိုင်ဆိုင်ခွင့်မရှိဘူး၊ အဲဒီတော့ သူတို့ လုပ်ကိုင်ခဲ့တဲ့ လယ်တွေဟာ နိုင်ငံတော်ပိုင်ဖြစ်တယ်”ဟု ဝန်ကြီး ဦးကျော်လွင်က ပြောသည်။ 

ထို့အပြင် မီးလောင်ပြင်မြေများကို အစိုးရစီမံပိုင်ခွင့်ရှိ၍ ကျူးကျော်နေထိုင်ကြသူများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်ပြောသည်။ 

R-22


  • VIA