News

POST TYPE

LOCAL

တောင်ငူတွင်ရေဘေးရှောင်သူ ၂၃၀၀၀ ​ကျော်​ခန့်​ရောက်ရှိ
31-Aug-2018

တောင်ငူ၊ သြဂုတ် ၃၁ 

တောင်​ငူမြို့စစ်​​တောင်းမြစ်​ရေ စိုးရိမ်​​ရေမှတ်​အထက်​ ၂၇ လက်မအထိ ​ကျော်​လွန်​​ရောက်​ရှိခဲ့ပြီး​နောက်​ သြဂုတ်​လ ၃၁ ရက်​​နေ့တွင်​ ​ရေ​ဘေး​ရှောင်​ဦး​ရေ ၂၃၀၀၀ ​ကျော်​ခန့်​ ရှိလာပြီဖြစ်​သည်​။

ယင်းအပြင် ​တောင်​ငူ-လွိုင်​​ကော်​ကားလမ်း ​ရေ​ကျော်​ပြီး လိုင်​ကားများအသွားအလာရပ်​ခဲ့သည်​။

“ကား​တွေကို ​လေးမိုင်​ဘက်​​ရွှေ့ပြီး ​ဖောကားနဲ့ကဲ့ပြီး သယ်​​ပေး​နေရတယ်​။ တ​ချို့​တွေက ပင်​​လောင်းဘက်​က ပြန်​ထွက်​တယ်​”ဟု ​တောင်​ငူ လွိုင်​​ကော်​ကားလိုင်း တစ်​ခုမှတာဝန်​ရှိသူတစ်ဦးက ​ပြောဆိုသည်​။

ဆွာတမံကျိုး​ပေါက်​ပြီး ​ရေတာရှည်​၊​ တောင်​ငူ၊ အုတ်​တွင်းနှင့်​ထန်းတပင်​မြို့နယ်​များတွင်​ ​ရေ​ဘေးသင့်ဦးရေ တစ်​သိန်းနီးပါးရှိလာပြီဖြစ်​သည်​။ ထန်းတပင်​နှင့်​​တောင်​ငူကြား ​ချစ်​ကြည်​စု​ကျေးရွာနား ကားလမ်​ရေ​ကျော်​ပြီး ထန်းတပင်​-မုပ္ပလင်​ကားလမ်​လည်း ယာဉ်​အသွားအလာရပ်​ခဲ့သည်​ဟု ဇရပ်​ကြီး​ဒေသခံ ယာဉ်​လိုင်းမှတာဝန်​ရှိသူတစ်​ဦးက​ ပြောကြားသည်​။

R-15