News

POST TYPE

LOCAL

ရေကြည်မြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၄ ဦး ဖမ်းမိ
17-Aug-2018
ပုသိမ်၊ ဩဂုတ် ၁၆

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၁၆ ရက် နံနက် ၄ နာရီခန့်က ရခိုင်ပြည်နယ်ဘက်မှ ရန်ကုန်မြို့သို့သွားရောက်မည့် ခိုးဝင်ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ဖမ်းမိတာဟုတ်ပါတယ်။ ကျား ၁ ဦး မ ၃ ဦးပါ။ စစ်ဆေးနေတုန်းပဲဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ဧရာဝတီတိုင်း ရေကြည်မြို့ဘက်သို့ ကျောက်ဖြူမြို့နေ ယာဉ်မောင်း ဦးကျော်မင်း (အသက် ၃၁ နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဦးခင်မောင်စိုး (အသက်၂၉ နှစ်) လိုက်ပါလာသည့် မော်တော်ယာဉ်ကို စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ကျား ၁ ဦး၊ မ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ ၄ ဦးမှာ ကျောက်တော်မြို့နယ်မှ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီး ၃ ဦးနှင့် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။  

R-11


  • VIA