News

POST TYPE

LOCAL

ဂျပန်ကျောင်းသားများ မြန်မာလွှတ်တော်ကိုလေ့လာ

ရန်ကုန်၊ သြဂုတ် ၁၃

ဂျပန်နိုင်ငံမှ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ကျောင်းပိတ်ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး လွှတ်တော်ကိုလေ့လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။

ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၂၀ ခန့်သည် ယနေ့ (သြဂုတ်လ ၁၃ ရက်) မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်သို့ လာရောက်ခဲ့သဖြင့် ပညာရေးမြှင့်တင်မှုကော်မတီအနေနှင့် လက်ခံတွေ့ဆုံကာ မြန်မာ့ပညာရေးစနစ်သစ်အကြောင်းကို ဆွေးနွေးပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဂျပန်ကျောင်းသား၊ ကျောင်းသူများအနေနှင့် ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာလေ့ရှိပြီး အခြားသော နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်လေ့လာလေ့ရှိကြောင်း ဒေါက်တာတင်အောင်က ပြောဆိုသည်။

J-19