POST TYPE
LOCAL
ဆင်သတ်ဂိုဏ်းမှ တရားခံပြေး တစ်ဦးကို ဖမ်းမိ
12-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၁
လှည်းကူးမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများတွင် တောဆင်ရိုင်းများကို သတ်ဖြတ်၍ အစွယ်၊ နှာမောင်းနှင့် ဆင်အရေခွံများကို ရောင်းချနေသည့် ဆင်သတ်ဂိုဏ်းမှ တရားခံပြေး အမျိုးသားတစ်ဦးကို ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့၊ လားရှိုး-တန့်ယန်းကားလမ်းရှိ ဆောက်လုပ်ရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖမ်းမိသူ မောင်ရေ ွှ(ခ) ရွှေမောင်မှာ ယခုနှစ် ဧပြီလက လှည်းကူးမြို့နယ်၊ ကလီထော်ကြိုးဝိုင်း၊ မောင်ချောင်းဖျား သစ်ငုတ်တိုအတွင်း တောဆင်ရိုင်းတစ်ကောင်ကို သတ်ဖြတ်ခဲ့သည့် ဆင်သတ်ဂိုဏ်းအဖွဲ့တွင် ပါဝင်နေသူဖြစ်ပြီး လှည်းကူးမြို့နယ် တရားရုံးတွင် တောရိုင်းတိရစ္ဆာန် ပုဒ်မ ၃၇ (က) ဖြင့် တရားစွဲဆိုထားသည့် အမှုမှ တရားခံပြေးဖြစ်သည်။
တရားခံပြေး မောင်ရွှေ (ခ) ရွှေမောင်မှာ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့တွင် ကျောက်တူးသည့် အလုပ်လုပ်ကိုင်နေကြောင်းနှင့် ၎င်းမှာ ကချင်ပြည်နယ်ဘက်သို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက ၎င်းကို လားရှိုး-တန့်ယန်း ကားလမ်းရှိ ဆောက်လုပ်ရေးဂိတ်တွင် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိသူ မောင်ရွှေ (ခ) ရွှေမောင်မှာ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၎င်းပါ ရှစ်ဦးအဖွဲ့က လှည်းကူးမြို့နယ်၊ ပေါင်းလင်း သစ်တောကြိုးဝိုင်း၊ ကြိမ်မှမ်မြှောင်၊ သဲကောချောင်းအနီးတို့တွင် တောဆင်ရိုင်း ငါးကောင်ကို တူမီးသေနတ်ဖြင့် ပစ်သတ်၍ ဆင်စွယ်၊ နှာမောင်းနှင့် အရေခွံတို့ကို ရောင်းချခဲ့ပြီး တူမီးသေနတ်နှင့် ယမ်းများကို လှည်းကူးမြို့နယ်၊ ရေနက်ကြီးကျေးရွာရှိ ၎င်းနေအိမ် မီးဖိုချောင်ထဲတွင် ကျင်းတူး၍ ဝှက်သိမ်းထားကြောင်း ကနဦးစစ်ဆေးချက်အရ ဝန်ခံထွက်ဆိုခဲ့သည်။
အဆိုပါအမှု ကျူးလွန်ရာတွင်ပါဝင်သည့် အသက် ၃၆ နှစ် ကျော်ဝင်း၊ အသက် ၃၂ နှစ် စိန်ဝင်းတို့ နှစ်ဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းရာမှ တရားခံပြေး မောင်ရွှေ (ခ) ရွှေမောင်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့သဖြင့် ၎င်းကို ဖောင်ကြီး နယ်မြေရဲစခန်းတွင် တောရိုင်းတိရစ္ဆာန် ပုဒ်မ ၃၇ (က) အပြင် လက်နက်များ အက်ဥပဒေပုဒ်မဖြင့် ထပ်မံအမှုဖွင့်လှစ် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
S-03
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021