News

POST TYPE

LOCAL

ဥက္ကံတွင် ၁၀ တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး
22-Jun-2018
တိုက်ကြီး၊ ဇွန် ၂၂

တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေဘက် စမ်းရွာကျေးရွာတွင် ၁၀ တန်း ကျောင်းသူတစ်ဦး ဇွန်လ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန်က အိမ်အနောက်ဘက်ရှိ သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ဥက္ကံနယ်မြေ ရဲစခန်းမှသိရသည်။

သေဆုံးသူသည် နံနက် ၃ နာရီအချိန်က စာကျက်နေပြီး စာကျက်သံ မကြားရ၍ ဖခင်ဖြစ်သူ ဦးနိုင်ဝင်း လိုက်ရှာစဉ် အမြင့် ၈ ပေခန့်ရှိ ယင်းသစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း ဖခင်ဖြစ်သူကို စစ်ဆေးချက်အရ ဥက္ကံမြို့နယ်ရဲစခန်းမှ ရဲအုပ်မျိုးထွန်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူကို ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဥက္ကံတိုက်နယ်ဆေးရုံတွင် စစ်ဆေးချက်ရယူ၍ ဥက္ကံနယ်မြေရဲစခန်းမှ သေမူသေခင်းအမှတ်စဉ် ၄/၂၀၁၈ ဖြင့် ဆောင်ရွက်လျက်ရှိသည်။

R-19


  • VIA