News

POST TYPE

LOCAL

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်မှ ကုန်ပစ္စည်းတင်ပို့မှု လျော့ကျ
07-May-2018

စစ်တွေ၊ မေ ၆ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရ်ုနိုင်ငံ ကုန်ပစ္စည်းတင်ပို့မှုမှာ ဧပြီလကုန်ပိုင်းမှစ၍ လျော့နည်းကျဆင်းလာကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။

“အရင်ဆို ဆိပ်ကမ်းမှာ ကုန်တွေအများကြီး ပုံထားနိုင်တာ၊ အခုပုံနိုင်ဖို့ထား တစ်ခါတစ်ခါ ဘုတ် (စက်လှေ) တစ်စီးတောင်ထွက်ဖို့ အခက်အခဲဖြစ်နေတယ်။ အရင်ထက် အများကြီး ကျဆင်းသွားတယ်”ဟု ဦးအောင်စံသိန်းက ပြောသည်။

ယခင်ကဆိုလျှင် ကုန်တန်ချိန် ၂၀၊ ၄၀၊ ၅၀ တို့ ရှိသော ဘုတ်တို့နှင့် အများဆုံးကုန်အဖြစ် ဆန်များတင်ပို့ကာ ငါးခြောက်၊ ဝါး စသည့် ကုန်များအား တစ်နေ့ ၁၀ စီးကျော် တင်ပို့နေခဲ့ရာ လက်ရှိအချိန်၌ တစ်နေ့ ဘုတ်နှစ်စီးခန့် တင်ပို့နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“ကုန်သည်တွေမှာလည်း ကိုယ်က အကျိုးအမြတ်ရှိပြီး ဟိုကလည်း အကျိုးအမြတ်ရှိမှ လုပ်ကြမှာပေါ့။ အခုက ကုန်လည်းရှားလာတာကို အခုတော့ ဆန်အိတ် နှစ်ထောင်လောက်ရယ်၊ ပြီးတော့ ရံဖန်ရံခါ ငါးခြောက်နည်းနည်းပဲ ပို့နိုင်တယ်”ဟု ဦးအောင်စံသိန်းက ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် ကုန်ပစ္စည်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

R-22

  • VIA