News

POST TYPE

LOCAL

အမေရိကန်စစ်သားတစ်ဦး ကမ္ဘာ့ပထမဆုံး လိင်တံနှင့် ကပ္ပါယ်အိတ် အစားထိုးကုသမှု ခံယူ
24-Apr-2018



ဝါရှင်တန် ဧပြီ ၂၄

ကမ္ဘာ့ပထမဆုံး လိင်တံနှင့်ကပ္ပါယ်အိတ် အစားထိုးကုသမှုကို အမေရိကန်ဆရာဝန်တစ်စုက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဟု BBC သတင်းတွင်ဖေါ်ပြထားသည်။

အာဖဂန်နစ္စတန်တွင် ဗုံးစထိမှန်ခဲ့သော စစ်သားတစ်ဦးကို မေရီလန်းပြည်နယ် ဘော်လ်တီမိုးရှိ ဂျွန်ဟော့ပ်ကင်းဆေးရုံမှ ခွဲစိတ်ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်သည်။

ဆရာဝန်များသည် ကွယ်လွန်သူ အလှူရှင်ထံမှ လိင်တံ၊ ကပ္ပါယ်အိတ်နှင့် ဝမ်းဗိုက်ကြွက်သားတို့ဖြင့် အစားထိုးကုသပေးခဲ့ကြသည်။

အဆိုပါစစ်သားသည် လိင်တံပြန်လည်ခွဲစိတ်ပြုပြင် ကုသမှုကြောင့် မရနိုင်သော လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို ပြန်လည်ရရှိနိုင်မည်ဟု ဆရာဝန်များက ပြောကြားသည်။

ဆရာဝန် ၁၁ ဦး ပါဝင်သောအဖွဲ့က လိင်တံ အစားထိုးကုသမှုကို မတ်လ ၂၆ ရက်တွင် ၁၄ နာရီကြာ လုပ်ဆောင်ခဲ့ကြရသည်။


  • VIA