News

POST TYPE

LOCAL

ထန်းတပင်၌ မူလတန်းကျောင်းသူကို အဓမ္မပြုရန်ကြံသူကို ဖမ်းဆီး
16-Mar-2018
တောင်ငူ၊ မတ် ၁၅

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီး ဒေသရွာလေးကုန်းကျေးရွာတွင် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက အသက် ၆ နှစ် အရွယ် မူလတန်း (KG) ကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းဆီးရမိကြောင်း ဇရပ်ကြီးနယ်မြေရဲစခန်းထံမှ သိရသည်။

“ကလေးကို အိမ်မှာ တစ်ယောက်တည်းထားခဲ့တုန်း လယ်ကွက်ထဲခေါ်ပြီး သားမယားကျင့်ဖို့ ကြံစည်ခဲ့တာပါ။ ကလေးက ငိုယိုပြီး မိခင်ကို ပြန်တိုင်ခဲ့တာဖြစ်ပြီး တရားခံကို အခင်းဖြစ်ပြီးမကြာခင် ဖမ်းဆီးရမိခဲ့ပါတယ်”ဟု အဆိုပါစခန်းမှ ရဲအုပ်မျိုးမင်းထွန်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကြံစည်သူရဲဝင်းကို ဇရပ်ကြီးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

R-15