News

POST TYPE

LOCAL

သမီးရင်းကို သားမယားပြုကျင့်ရန်ကြံစည်သည့် ဖခင်ကို ဖမ်းဆီး
09-Mar-2018

မန္တလေး၊ မတ် ၈

ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၁၃ နှစ်အရွယ်သမီးကို သားမယားပြုကျင့်ရန် ကြံစည်သည့် ဖခင်ဖြစ်သူကို မတ်လ ၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ကလေးမလေးကို ဖခင်က ချုံထဲခေါ်သွားတာကို မိခင်ဖြစ်သူက သိပြီး လိုက်သွားတာကနေသိတာ။ ဒါက ကနဦး သိထားတာပေါ့”ဟု စက်မှုနယ်မြေ ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

(ဆ) ရပ်ကွက်အတွင်း ကျူးကျော်များအဖြစ်နေထိုင်သည့် နေအိမ်တစ်လုံးမှ အသက် ၄၀ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူက အသက် ၁၃ နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့မှ သိရသည်။

လက်ရှိတွင် ကလေးငယ်၏မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်ကြားထားသည့်အတွက် အသက် ၄၀ အရွယ် အမျိုးသားကို စက်မှုနယ်မြေရဲစခန်းက (ပ) ၁၀၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

M-04