News

POST TYPE

LOCAL

စစ်တွေရှိ မိဘမဲ့ကလေးဂေဟာတွင် မိသားစုဝင်များ မစောင့်ရှောက်နိုင်၍ ကလေးလာအပ်သူများ
14-Feb-2018
စစ်တွေ၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ABC မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာတွင် မစောင့်ရှောက်နိုင်၍ ကလေးများကို လာအပ်သူများပြားကြောင်း အဆိုပါ မိဘမဲ့ကလေးများစောင့်ရှောက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။ 

ယင်းဂေဟာတွင် ကလေး ၅၄ ဦး ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ပေါက်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ အများဆုံး ရောက်ရှိလာကြောင်း၊ ကလေးများကို လာရောက်အပ်နှံရာတွင် မိဘနှစ်ပါးလုံး ကွယ်လွန်သဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် မိသားစုဝင်များမရှိခြင်းနှင့် ဖခင်မရှိ မိခင်လည်း ကျန်းမာရေးမကောင်းသဖြင့် မစောင့်ရှောက်နိုင်ခြင်းတို့ကြောင့် လာရောက်အပ်နှံမှုများကြောင်း ABC ဖောင်ဒေးရှင်းမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

ကလေးသူငယ်များကို လက်ခံရာတွင် မွေးကင်းစမှ ၅ နှစ်အောက်ကလေးများကို လက်ခံပြီး မိဘမဲ့၊ ခိုကိုးရာမဲ့နှင့် ကူးစက်ရောဂါမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါ ပြည့်စုံသောကလေးများကို လက်ခံထားကြောင်း၊ အဆိုပါစောင့်ရှောက်ရေးဂေဟာကို ၂၀၁၀ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး လက်ရှိအထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့ကိုလည်း ပညာသင်ပေးနေကြောင်း ယင်းဂေဟာထံမှ စုံစမ်းသိရသည်။ 

“ပညာတော်တဲ့သူတွေကို ပညာကို ဆုံးခန်းတိုင်အောင် သင်ပေးမယ်၊ လက်မှု၊ စက်မှုပညာတွေဆိုလည်း ကလေးတွေရဲ့အပေါ်မှာ မူတည်ပြီးတော့ လိုက်လျောပြီး လုပ်ပေးသွားမယ်”ဟု ABC ဖောင်ဒေးရှင်းမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ပြောသည်။

R-22