News

POST TYPE

LOCAL

ရခိုင်ပြည်နယ်အတွက် တရုတ်ကလှူဒါန်းသော ရွေ့လျားအိမ်ပါ ကွန်တိန်နာသင်္ဘော ယနေ့ ရောက်မည်
24-Dec-2017

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် တရုတ်နိုင်ငံက လှူဒါန်းထားသော အလွယ်တကူ တပ်ဆင်နိုင်သည့် ရွေ့လျားအိမ် (Assembled Board House) များ တင်ဆောင်လာသော ကွန်တိန်နာ သင်္ဘောသည် ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွင် ရန်ကုန်သို့ရောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးရုံးတွင် ကျင်းပသည့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်အဝေးတွင် ပြောကြားခြင်း၊ အသိပေးခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခင်လက ကွန်တိန်နာ အိမ်ပုံစံ မော်ကျူးလာအိမ်ရာများ လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက လိုအပ်လျှင် ထပ်မံပြောရန် အသိပေးမှုကြောင့် အိုးအိမ်ဦးစီဌာနက တရုတ်သံအမတ်ကြီးထံသို့ ထပ်မံလှူဒါန်းပေးရန် မေတ္တာရပ်ခံခဲ့ရာ အလွယ်တကူ တပ်ဆင်နိုင်သည့်အိမ်ရာများကို လှူဒါန်းခြင်းဖြစ်သည်ဟု ပြောကြားသည်။

တရုတ်နိုင်ငံမှ လှူဒါန်းမည့် အိမ်ရာများကို ကွန်တိန်နာ အလုံးပေါင်း ၁၀ဝ ဖြင့် သယ်ဆောင်လာရာ ၎င်းအိမ်ရာများအတွင်း ဗီရိုစားပွဲများနှင့်အတူ အဆင်သင့် အိပ်လိုရမည့် ကုတင်များ ပါဝင်မှာဖြစ်ကြောင်း၊ အိမ်ရာများကို ဆောက်လုပ်ရေး ဝန်ကြီးနှင့် လူမှုဝန်ထမ်း/ ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီးတို့က လက်ခံပေးရန် တရုတ်သံအမတ်ကြီးက မေတ္တာရပ်ခံထား သည်ဟု ဦးကျော်လင်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ဒေသများအတွက် မြန်မာကျပ်ငွေ ၆ ဘီလီယံတန်ဖိုးရှိသည့် အလွယ်တကူ တပ်ဆင်နိုင်သော အိမ်ရာ Assembled Board House အလုံးပေါင်း ၁၁၆၀ ကို အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းခဲ့သည်။

T.L

  • VIA