News

POST TYPE

LOCAL

ရန်ကုန်မြို့ ပထမဆုံး မြို့ပြ ခရစ္စမတ်ပွဲ ကျင်းပ၊ ယနေ့ ညတွင် တေးသံရှင်များ လှည့်လည်ဖျော်ဖြေမည်
24-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 

ရန်ကုန်မြို့တော်၏ အကြီးဆုံးနှင့် ပထမဆုံးသော မြို့ပြခရစ္စမတ်ပွဲတော်ကို ကျပ်သိန်း တစ်ထောင်ကျော် အသုံးပြုကျင်းပနေရာ ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) ခရစ္စမတ်ညတွင် တေးသံရှင်များ လှည့်လှည်ဖျော်ဖြေပေးမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေးကော်မတီမှ ညှိနှိုင်းရေးမှူး ဦးလားဇယ် (ခ) လာဇရုက ပြောကြားသည်။ 

“မီးထွန်းတာကို တစ်ပတ်လုပ်မယ် စီစဉ်ထားတယ်။ ဈေးကွက်မှာ ပစ္စည်း (မီးလုံး) ပြတ်သွားတယ်။ သိန်းတစ်ထောင်ကျော် အသုံးပြုထားတယ်။ နောက်နှစ် ဒီထက် ပိုကောင်းအောင် လုပ်မယ်။ ဒီလိုပွဲကို နိုင်ငံတကာမှာ ဒီဇင်ဘာ ၁ ရက်က စလုပ်တာ။ မြန်မာပြည်မှာ ပထမဆုံး လုပ်တာပါ”ဟု ၎င်းက ပြောဆိုသည်။

ပိတ်ပွဲ အခမ်းအနားကို စိန့်မေရီဘုရားကျောင်း၌ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပသွားမည်ဟု ဦးလားဇယ် (ခ) လာဇရုက ရှင်းပြသည်။

“ခရစ္စမတ်ပွဲအပြင် အားလပ်ရက်လည်း ဖြစ်တယ်။ ခရစ္စမတ် အနှစ်သာရကို သိရအောင် ဒီပွဲကို စီစဉ်ဖြစ်တာပါ”ဟု အဆိုပါပွဲ၏ စီမံကိန်း ဒါရိုက်တာ တေးသံရှင် မရန်ဆိုင်းနော်က ပြောကြားသည်။ 

အဆိုပါပွဲတွင် တေးသံရှင်များဖြစ်သည့် နွဲ့ယဉ်ဝင်း၊ သံသာဝင်း၊ ချမ်းချမ်း၊ ဟေမာနေဝင်း၊ ချောစုခင်၊ ပန်းရောင်ခြယ်၊ နန်းချစ်ရတီဇော်၊ ဂရေဟမ်၊ မေရီအောင်၊ အမွန်း၊ ချစ်သုဝေ၊ ချစ်ဆုဝေ၊ ဖြူဖြူကျော်သိန်းတို့ အပါအဝင် အဆိုတော်များစွာ ပါဝင်ဖျော်ဖြေမည်ဟု ၎င်းကပြောဆိုသည်။၏

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ရွှေတိဂုံဘုရားလမ်းနှင့် သိမ်ဖြူလမ်းတစ်လျှောက်တွင် မီးအလှဆင်ခြင်း၊ ခရစ္စမတ် အရုပ်များ ချိတ်ဆွဲခြင်း၊ ပန်းဆိုးတန်းခုံးကျော်တံတားတွင် မီးအလှဆင်ခြင်း၊ လာရောက် ကြည့်ရှုသူများကို အစားအသောက်များ ဝေငှခြင်း၊ လက်ဆောင်များဝေငှခြင်း၊ Food Corner များထားရှိခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအနီးရှိ အင်္ဂလီ ကန် ဘုရားရှိခိုးကျောင်း၊ Junction Center ရှေ့နှင့် စိန့်မေရီဘုရားကျောင်းရှေ့တွင် ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရစ်ယာန်ဘာသာဝင် အဖွဲ့အစည်းများ စုပေါင်းကာ ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ပွဲတော် ကျင်းပနိုင်ရန် ပွဲတော် ကျင်းပရေး ကော်မတီက ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ ဒီဇင်ဘာ ၁၅ ရက်က ခွင့်ပြုမိန့်တင်ခဲ့သည်။

J-18


  • VIA