News

POST SECTION

LATEST NEWS POST

30-Apr-2018
လှည်းကူးမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာအတွင်း ဝင်ရောက်ပြီး သံဃာတော်များ၏ ငွေကျပ် ၂၃ သိန်းကို ခိုးယူ၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တိမ်းရှောင်နေသော အမျိုးသားကို ဧပြီလ ၂၇ ရက်နေ့ က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
30-Apr-2018
မကွေးတက္ကသိုလ်၌ ပြုလုပ်နေသော မူလတန်း ဆရာအတတ်သင် စာပေးစာယူ သင်တန်းတွင် တက်ရောက်နေသည့် ဆရာ၊ ဆရာမများအတွက် သင်တန်းချိန်အတွင်း သောက်သုံးရေနှင့် သုံးရေရှားပါးသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါ သင်တန်းတက်ရောက်နေသူများထံမှ သိရသည်။
30-Apr-2018
နိုင်ငံ့ဝန်ထမ်းများ၏ ဘဏ္ဍာရေး ဆိုင်ရာသုံးစွဲခြင်း စည်းကမ်းချိုးဖောက်မှု အပါအဝင် အခြားသောကိစ္စရပ်များကြောင့် ရာထူးလျှော့ချခံရသော ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပင်စင်ဖြင့် နုတ်ထွက်ခွင့်လျှောက်ထားမှုကို တိုင်းအစိုးရက လက်မခံကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
30-Apr-2018
NVC ကတ်ဖြင့် ဘင်္ဂါလီများကို တစ်နိုင်ငံလုံးလွတ်လပ်စွာ သွားလာခွင့်ပေးမည် ဆိုသည့်အပေါ် ကန့်ကွက်ကြောင်း ဒေသခံ ၃၀၀ ခန့်က ဧပြီလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၌ ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
30-Apr-2018
ရထားလမ်းချော်မှုကြောင့် တစ်ရက်ခန့်ရပ်နားခဲ့သော ရန်ကုန်-ပြည် ရထားလမ်းပိုင်း ဧပြီလ ၂၉ ရက်က ပြန်ဖွင့်ခဲ့ကြောင်း မြန်မာ့မီးရထား (သတင်းနှင့် ပြန်ကြားရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
30-Apr-2018
နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ယခုဧပြီလကုန် လစာမှစတင်၍ သတ်မှတ်နှုန်းထားများအတိုင်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က The Voice Daily သတင်းစာသို့ အတည်ပြုပြောကြားသည်။
29-Apr-2018
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ရှစ်လေးလုံးပြည်သူ့ပါတီ မှတ်ပုံတင်ရာ၌ ပါတီ၏ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီး၊ ဒုတိယခေါင်းဆောင်အဖြစ် ဦးရဲနိုင်အောင်ကို ရွေးချယ်ခဲ့ကြောင်း ဧပြီလ၂၉ ရက်ကပြုလုပ်သော ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီ အစည်အဝေးအပြီးတွင် ဦးကိုကိုကြီးက ပြောကြားသည်။
29-Apr-2018
နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသော ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ချမှတ်၍ အရေးယူထားကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
29-Apr-2018
မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှချောင်းဝ ရဲကင်းစခန်း၌ ဧပြီလ ၂၈ ရက်က သုံးစွဲရန် ရေမရှိ၍ အလှည့်ကျ ရေခပ်မည့်သူကိစ္စနှင့်ပတ်သက်၍ ရဲတပ်သားနှစ်ဦး စကားများခဲ့ပြီး ြွ-၁ လက်ပစ် ဗုံးဖြင့်ပစ်ရာမှ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
29-Apr-2018
အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ပထမဦးဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် အတိုင်ပင်ခံရုံးတွင် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
29-Apr-2018
မူလစက်ရုံထုတ်မဟုတ်ဘဲ တင်သွင်း လာသည်ဟုဆိုကာ ဆိပ်ကမ်းမှထုတ်ခွင့်ရပ်ဆိုင်းထားသော Delivery Van များကို အုပ်စုလေးခုခွဲ၍ အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေး သတ်မှတ်ထုတ်ပြန်လိုက်ပြီး အဆိုပါယာဉ် တစ်စီးလျှင် ကျပ်သိန်း ၃၀ ကျော်မှ သိန်း ၈၀ အထိ ဒဏ်ကြေးပေးဆောင်ရတော့မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်တင်သွင်းထားသူများထံမှ သိရသည်။
29-Apr-2018
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၆ ရက်နေ့ခန့်တွင် အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး မုတ်သုံလေ မဝင်ရောက်မီနှင့် စတင်ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
29-Apr-2018
မန္တလေးမြို့ ကျုံးအနီးပတ်ဝန်းကျင်ရှိ လမ်းမြေနေရာသုံးခုတွင် နိုင်ငံတကာအဆင့်မီ အများသုံး သန့်စင်ခန်းများကို နှစ်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
29-Apr-2018
ချယ်လ်ဆီးနည်းပြ ကွန်တီသည် လက်ရှိဘောလုံးရာသီတွင် အသင်းရုန်းကန်နေရခြင်းမှာ အဓိကဒိုင်ခံဂိုးသွင်းပေးနိုင်သူ ကစားသမားမရှိခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Apr-2018
အာဆင်နယ်နည်းပြသစ် လျာထားစာရင်းတွင် ပါဝင်နေသည့် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် ၎င်းအနေနှင့် အာဆင်နယ်နည်းပြရာထူးကို လက်ခံမည်မဟုတ်ဘဲ ဂျူဗင်တပ်ကို အနိမ့်ဆုံးအဖြစ် ဘောလုံးရာသီတစ်ရာသီခန့် ဆက်လက်ဦးဆောင်သွားရန်သာ ဆုံးဖြတ်ထားကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။