News

POST SECTION

LATEST NEWS POST

07-Oct-2016
ကချင်ပြည်နယ် ဆဒုံးနှင့် ကန်ပိုက်တီး ဒေသများတွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ ၅ ၏ တပ်ရင်း ၃ ရှိရာ နယ်မြေတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ်မတော်ဖက်မှ ထိုးစစ် မရပ်သ၍ KIA က ပြန်လည်ခုခံ တိုက်ခိုက် နေမည်ဖြစ်ကြောင်း ကေအိုင်အေ အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
07-Oct-2016
မြန်မာနိုင်ငံရှိ ပြည်နယ် အချို့တွင် ဖြစ်ပွားနေသော စစ်ရေး လှုပ်ရှားမှုနှင့် လက်နက်ကိုင် တိုက်ပွဲများ ချက်ခြင်း ရပ်ဆိုင်းရန်နှင့် အပြုသဘော ဆောင်သည့် ဆွေးနွေးပွဲများ ပြန်စရန် ဥရောပသမဂ္ဂ (EU)က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
07-Oct-2016
စကားဝိုင်း တစ်ခုမှာ ဒါမှမဟုတ် အရေးကြီးတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ကိုယ်က သမ်းချင်စိတ်ကို ထိန်းမရဘဲ အဆက်မပြတ် သမ်းဝေမိနေရင် ဘေးလူတွေက ကိုယ့်ကို ပျင်းနေတယ်၊ စိတ်ဝင်စားမှု မရှိဘူးလို့ ထင်သွားကြမှာပါ။ ဒါကြောင့် မကြာခဏ ဆိုသလို အဆက်မပြတ် သမ်းဝေနေပြီဆိုရင် လုပ်ကြည့်သင့်တဲ့ နည်းလမ်း ၅ ခုကို မျှဝေ ပေးလိုက်ပါတယ်။
07-Oct-2016
ပဲခူးတိုင်းဒေသကြီး ပြည့်မြို့ပေါ်ရှိ ကေတီဗွီများ၊ ဟိုတယ်၊ မိုတယ်များတွင် အမျိုးသမီးများထား၍ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနေခြင်းကို အောက်တိုဘာ ၆ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒေသန္တရ အမိန့် ထုတ်ပြန် တားမြစ်
07-Oct-2016
လူသေနှင့် အသား၊ ငါးများ တာရှည်ခံ မပုပ်သိုးရန် သုံးစွဲသော ဖော်မလင်များကို မုန့်ဖတ်များ တာရှည်ခံရန် သုံးစွဲနေသည့်အတွက် အန္တရာယ်ရှိ ဓာတုပစ္စည်း သုံးစွဲမှု ကင်းရှင်းရေး မုန့်ဖတ်ဖိုမှ ထုတ်လုပ် ရောင်းချသူများကို သင်တန်းပေးမည်
07-Oct-2016
ကြာသာပတေးနေ့က ဘဟားမားစ်ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးတဲ့နောက် အမေရိကကို ဦးတည်နေတဲ့ မတ်သရူး မုန်တိုင်းကြောင့် သေဆုံးခဲ့သူ အရေအတွက်ဟာ ၂၆၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
07-Oct-2016
မန္တလေးအလင်း သတင်းစာ ကြိုတင်အသိမပေးဘဲ ရပ်နားခဲ့ပြီး သုံးလနီးပါး ကြာမြင့်သည်အထိ နစ်နာကြေးနှင့် စာမူခကြွေးကျန် ကျပ်သိန်း ၂၅၀ ကျော် မရသေးကြောင်း အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာ၊ သတင်းထောက်နှင့် ရုံးဝန်ထမ်းများ ပြောကြားသည်။
07-Oct-2016
MLM လုပ်ငန်းတစ်ခု ဖြစ်သည့် Aim Star Network (MNR) ကုမ္ပဏီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုးဇက် ခေါ် ကိုကျော်မျိုးမင်းကို သတင်းမီဒီယာသမားများကို ပုတ်ခတ်ပြောဆိုခဲ့မှုကြောင့် တိုင်ကြားထားမှုအတွက် သတင်းမီဒီယာကောင်စီတွင် ယနေ့ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။
07-Oct-2016
ကော်ဖီတွင် ဆိုင်ယာနိုက် အဆိပ်ခတ်၍ သူငယ်ချင်းကို သတ်သည်ဟု စွပ်စွဲခံရသော မိန်းကလေးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် အင်ဒိုနီးရှား အမှုလိုက် အရာရှိများက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
07-Oct-2016
လူသတ်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသား အချုပ်သားတစ်ဦး မြောက်ပိုင်းခရိုင် တရားရုံး အချုပ်ခန်းမှ အောက်တိုဘာလ ၆ ရက် နံနက် ၁၁ နာရီက ထွက်ပြေး လွတ်မြောက်သွားကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။
07-Oct-2016
မြန်မာ့ရိုးရာ ဆယ်နှစ်လ ရာသီ ပွဲတော်များနှင့် ဒေသတွင်း အားကစား ပွဲတော်များ ကျင်းပရန်အတွက် ခရိုင်၊ မြို့နယ် ထွေ/အုပ်များကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံရန် ခွင့်ပြုထားခြင်း မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
07-Oct-2016
အိမ်အကူ မိန်းကလေး နှစ်ဦးကို နှိပ်စက်မှုဖြင့် တရား စွဲဆိုခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးအနက် သုံးဦးအတွက် ရှေ့နေ လိုက်ပါ ဆောင်ရွက်မည့်သူ မရှိသောကြောင့် အမှု စစ်ဆေးမှု မစတင်နိုင်သေးကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
07-Oct-2016
မီးဘေးသင့် မင်္ဂလာဈေးကို ဖြို ဖျက်ရန် တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီများက ပေးသောနှုန်းနှင့် မြို့တော်စည်ပင်က သတ်မှတ်ထားသော နှုန်းထား မကိုက်ညီ၍ ကြန့်ကြာနေမှုကို အောက်တိုဘာလ ကုန်ပိုင်းအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
06-Oct-2016
ယာဉ်ဟောင်းအပ် စလစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် Free Permit ဟူ၍ မော်ဒယ်လ်နှစ်များ မခွဲခြားတော့ဘဲ စလစ်ဖြင့် တင်သွင်းခြင်းစနစ်ကို ၂ဝ၁၈ ခုနှစ်မှစ၍ ပပျောက်အောင် ပြုလုပ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
06-Oct-2016
အခေါက်ရွှေ တစ်ကျပ်သားလျှင် ကိုးသိန်းအထိ စံချိန်တင် မြင့်တက်ခဲ့သော ပြည်တွင်း ရွှေဈေးမှာ လေးရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၃ဝဝဝ နီးပါး ပြန်လည် ကျဆင်းသွားကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။