News

POST SECTION

LATEST NEWS POST

13-Jul-2017
မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ ညောင်ကိုင်းအင်းအတွင်း ရေတံခါးတွင် ယနေ့ (ဇူလိုင်လ ၁၃ ရက်)က ရေဆင်းချိုးသည့် လူငယ်တစ်ဦး ရေနစ် ပျောက်ဆုံးနေကြောင်း မျက်မြင် သက်သေများထံမှ စုံစမ်းသိရှိရသည်။
13-Jul-2017
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲက ရာဇာအောင် ခရီးသည်ယာဉ်လိုင်းနှင့် ရွှေပျံလွှားခရီးသည်ယာဉ်လိုင်းတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ သုံးဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုမြို့မ ရဲစခန်းထံမှ သိရသည်။
13-Jul-2017
ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ယာဉ်စီးရေ ၁၀၀၀ အနက် အစီး ၅၀၀ ကို ဇူလိုင်လကုန်တွင် ထည့်သွင်းပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။
13-Jul-2017
မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ လျှပ်စစ်စီမံကိန်းမှ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် ပထမအဆင့်အဖြစ် စတင်ထုတ်လုပ်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှသိရသည်။
13-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများအတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးသီးနှံ ၅၉၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကနီမြို့ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်က ပြောကြားသည်။
13-Jul-2017
ပစိဖိတ်သမုဒ္ဒရာအတွင်း စမ်းသပ်မှုတွင် ပစ်မှတ်ကို THAAD ဒုံးခွင်းဒုံးစနစ်ဖြင့် အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု အမေရိကန်စစ်ဖက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
13-Jul-2017
မန္တလေးခရိုင်တရားရုံးသို့ ရုံးထုတ်လာသည့် ပြည်ကြီးတံခွန်မြို့နယ် အတွင်းမှ မူးယစ်တရားခံ ၂ ဦးကို ယနေ့ (ဇူလိုင်လ ၁၃ ရက်) က ရုံးထုတ်လာစဉ် ထွက်ပြေးရန် ကြံစဉ်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
13-Jul-2017
ပြီးခဲ့သည့်နှစ်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများသို့ ဆရာတော် ဦးဝီရသူ သွားရောက်ခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ပညာရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝီရသူ၏ ခရီးစဉ်၌ လိုက်ပါသော မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
12-Jul-2017
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇူလိုင်လ ၁၂ ရက်နေ့က ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို စစ်တွေ လေဆိပ်တွင် ဒေသခံပြည်သူ ၂၀ဝ ခန့်က ဆန္ဒပြခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
12-Jul-2017
လှည်းကူးမြို့နယ်၊ အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့်ပတ်သက်၍ ဖယ်ရှားခံရသည့် ကျူးကျော်များကို နေစရာပေးရေး တောင်းဆိုရန် ဇူလိုင် ၁၃ ရက်မှစ၍ တိုင်းအစိုးရအဖွဲ့နှင့် တွေ့ခွင့် မရမချင်း တိုင်းအစိုးရရုံးရှေ့တွင် စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖယ်ရှားခံရသည့် ကျူးကျော်များထံမှ သိရသည်။
12-Jul-2017
လစ်လပ်နေသည့် ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းနေရာတွင် အစားထိုးနိုင်ရန် ရခိုင်အမျိုးသားပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့မှုကို ဇူလိုင်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။
12-Jul-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုန်းကျေးရွာအုပ်စု၊ လိပ်ကျကျေးရွာအနီးတွင် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် တူးဖော်လုပ်ကွက်အတွင်းမှ ဓာတ်သတ္တုများ မဟုတ်ဘဲ အခြားနေရာမှ တူးဖော်ထားသော ဓာတ်သတ္တုများကို သယ်ဆောင်နေသည်ဟုဆိုကာ စိစစ်အရေးယူပေးရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးထံသို့ ဇူလိုင်လ ၉ ရက်နေ့က တင်ပြတိုင်ကြားထားကြောင်း
12-Jul-2017
လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားနေသူများကို ဖမ်းဆီးခဲ့ရာတွင် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အယောက် ၃၀ ကျော်ခန့်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Jul-2017
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် ယနေ့ (ဇူလိုင် ၁၃ ရက်) ကျင်းပသော အမျိုးသားလွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
12-Jul-2017
နှစ်(၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။