News

POST SECTION

LATEST NEWS POST

24-Apr-2017
မန္တလေးမြို့ပေါ် ရပ်ကွက်၂၂ ခုသည် မီးဘေးအန္တရာယ်ရှိသော ရပ်ကွက်များဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က ပြောကြားသည်။
24-Apr-2017
မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့သည့် ၁၈၈၅ ခုနှစ်က အင်္ဂလိပ်တို့ သိမ်းယူသွားသည့် နန်းတွင်း ရတနာပစ္စည်းများ စာရင်းကို လန်ဒန်မြို့ရှိ ရှေ့နေများ၏ အကူအညီဖြင့် စာရင်းပြုစုရန် ပြင်ဆင်နေကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။
24-Apr-2017
မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။
24-Apr-2017
တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကို စကားလုံး ပြောင်းလဲပြင်ဆင်ရန်ပင် လုံးဝ လက်ခံမည် မဟုတ်ကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။
24-Apr-2017
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် တပ်မတော် အပါအဝင် အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများတွင် “ငါပြောတာ၊ ငါလိုချင်တာရမှ” ဆိုသည့်စိတ်ဓာတ်များ ပြောင်းလဲလာပြီဟု ယူဆကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
24-Apr-2017
မကွေးတိုင်းဒေသကြီး အတွင်းရှိ အသက် ၉၀ ကျော် ဘိုးဘွားများကို ယခု ဧပြီလကုန်မှ စတင်ပြီး လူမှုရေးပင်စင် ခံစားခွင့်များကို တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဘိုးဘွားများနေထိုင်ရာသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ စုံစမ်း သိရှိရသည်။
24-Apr-2017
လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ရွာသားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကို ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြန်လည် တောင်းပန်ခဲ့သည်။
24-Apr-2017
အခွန်ကောက်ခံ တိုးတက်မှုအပေါ် မူတည်ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဝန်ထမ်းများကို သုံးလ တစ်ကြိမ် စောင့်ကြည့်ပြီး ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။
24-Apr-2017
မြန်မာ့ပထမဆုံး ညစ်ညမ်းဗီဒီယိုဇာတ်ကား (Porn Movie) ထွက်ရှိလာခြင်းနှင့်စပ်လျဉ်း၍ ရိုက်ကူးသူများကို အရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စတင် စုံစမ်းနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားသည်။
24-Apr-2017
ဗဟန်းမြို့နယ် တရားရုံးတွင် ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းက ခိုးမှုဖြင့် ဖမ်းဆီးခံထားရသော အသက် ၂၀ ဝန်းကျင်အရွယ် အချုပ်သားတစ်ဦးမှာ အိမ်သာတွင် ကာရံထားသည့် အမိုးကို ဖောက်ကာ ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။
24-Apr-2017
တစ်နိုင်ငံလုံးတွင် စတုတ္ထတန်း၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ ရာနှုန်းပြည့်နီးပါး အတန်းကူးပြောင်းခွင့်ရကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
24-Apr-2017
ကရင်အမျိုးသား အစည်းအရုံးလက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အခြေစိုက် KNU တပ်မဟာ (၂) စစ်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ဖဒိုစောဂျော့စ်မေသည် ၉၆ ပါးသော ရောဂါဖြင့် ယနေ့ (ဧပြီ ၂၄ ရက်) ကွယ်လွန်သွားကြောင်း ကရင်အမျိုးသား အစည်းအရုံးထံမှ သိရှိရသည်။
24-Apr-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်ပိုင်းက နေ့စားလပေး ဆရာ၊ ဆရာမများကို မြို့ နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သပိတ်ကျင်းမြို့ နယ် မြို့နယ်ပညာရေးမှူး ဦးခင်မောင်သောင်းက ပြောကြားသည်။
24-Apr-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းမြို့တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်၍ နေအိမ် ၆၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
24-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေအရာရှိ တစ်ဦးနှင့် အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးတို့ကို အမှုနှင့် ပတ်သက်ပြီး လာဘ်ငွေယူသည်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက အမှုဖွင့်လှစ်ခဲ့ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောကြားသည်။