News

POST SECTION

LATEST NEWS POST

25-Apr-2017
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု လိပ်ကျကျေးရွာရှိ သဘာဝရွှေကုမ္ပဏီ၏ ရွှေတူးဖော်ရေး လုပ်ကွက်အတွင်း ဧပြီလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်က ရွှေတူးနေစဉ် ရွှေတွင်းပြို၍ တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။
25-Apr-2017
အိန္ဒိယအလယ်ပိုင်း ချဟာတီစဂါ ပြည်နယ်တွင် မော်ဝါဒီသူပုန်များ ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို သတ်ဖြတ်ခဲ့ရာ လက်ရှိနှစ်များအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်သည်
25-Apr-2017
ရန်ကုန်တိုင်းဒေသကြီးတွင် စာရင်း ကောက်ယူရရှိသော အသက် ၉၀ နှစ်အထက် သက်ကြီးဘိုးဘွား လေးထောင်ကျော်ကို လစဉ် ထောက်ပံ့စရိတ် ပေးနိုင်ရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရုံးများနှင့် ညှိနှိုင်းသွားမည်
25-Apr-2017
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း၏ ပထမဆုံး တည်ဆောက်ပြီးစီးထားသည့် ရတနာနှင်းဆီစီမံကိန်း တိုက်ခန်းဈေးနှုန်းများကို ဈေးမြှင့် ရောင်းချမည်
25-Apr-2017
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေတစ်ခု ဖြစ်သည့် အိုးဖောက်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ဧပြီလ ၂၅ ရက် နံနက် ၁ နာရီခန့်က မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးက အနုကြမ်းစီးကာ အမျိုးသမီးတစ်ဦးကို ဓားဖြင့် လည်လှီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အိုးဖောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။
25-Apr-2017
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဧပြီလ၂၄ ရက် နံနက် ၉ နာရီခန့်က မူးယစ်ဆေးဝါးများ အပါအဝင် ဆက်စပ်ပစ္စည်းများ လက်နက်ခဲယမ်းများနှင့် ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
25-Apr-2017
၁၉၅၈ ခုနှစ် ချားလ်စ်ဒီဂေါလ် စတင်ထူထောင်ခဲ့သော ပဉ္စမသမ္မတ နိုင်ငံတော်၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပင်မနိုင်ငံရေး အင်အားစုကြီး နှစ်ခုဖြစ်သော ဆိုရှယ်လစ်နှင့် ရီပတ်ဘလီကန် အုပ်စုများမှ သမ္မတလောင်းများ မပါဝင်တော့သည့် ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို မေလ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
25-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ၂ အကျဉ်းဦးစီးဌာနပိုင် မြေဧရိယာအတွင်း ကျူးကျော်နေထိုင်သူများသည် ဖယ်ရှားပေးခြင်း မရှိပါက တရားစွဲမည် ဖြစ်ကြောင်း ယင်းအကျဉ်းဦးစီးဌာန တာဝန်ခံ ဦးဝင်းမြင့်က ပြောကြားသည်။
25-Apr-2017
သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဧပြီလဆန်းပိုင်းမှ စတင်ကာ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ယင်းအနက်မှ အထောက်အထားခိုင်လုံစွာ တင်ပြ၍ ပြန်လည်တောင်းခံထားသည့် ယာဉ် ၁၁ စင်းကို ပိုင်ရှင်အသီးသီးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
25-Apr-2017
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးမနိုးကျေးရွာအုပ်စု၊ စိမ့်ကြီးကျေးရွာ တောင်ပေါ်လမ်းတစ်ခုတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ထင်းများ တင်ဆောင်လာသည့် ယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ အမျိုးသားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
25-Apr-2017
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၆) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်အဓမ္မ ပြုကျင့်ခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
25-Apr-2017
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းမှ တိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်း ဧပြီလ ၂၄ ရက်နေ့ညက ဖောက်ထွင်းခံခဲ့ရကြောင်း ယင်းဝန်ကြီးထံမှ သိရသည်။
25-Apr-2017
ကျပ် ၅၀၀ တန်ထီကို လာမည် ဇူလိုင်လမှ စတင်၍ အက္ခရာအလုံး ၅၀ အထိ တိုးမြှင့်ရောင်းချမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
24-Apr-2017
မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ လှုပ်ရှားမှုများ၊ အပြန်အလှန် တိုက်ပွဲများ မြင့်တက်လာသော မက္ကဆီကိုတွင် ပြီးခဲ့သည့် သီတင်းပတ်က တစ်ပတ်အတွင်း အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကြောင့် Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
24-Apr-2017
ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) နှင့်ပတ်သက်၍ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးသည့် ဧပြီလ ၂၄ ရက်တွင် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သူ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်း မရှိဘဲ ခွင့်ယူခဲ့သည်။