News

POST SECTION

LATEST NEWS POST

18-May-2017
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ငွေကြေး လွှဲပြောင်းမှုများကို စိစစ်နေဆဲဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ကျော်ဝင်းက ပြောကြားသည်။
18-May-2017
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA) က တစ်နိုင်ငံလုံးရှိ ဈေးများအား ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ယင်းဌာန၏လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဥက္ကာဖြိုးက ပြောကြားသည်။
18-May-2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံရေးပါတီ ၁၃ ခုက တိုင်ကြားထားသည့် ကန့်ကွက်စာနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အရေးယူ ဆောင်ရွက်ရန် မရှိကြောင်း မေလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။
18-May-2017
ထိုင်း -မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး လေးထပ်တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
18-May-2017
အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်သူ အသက် ၂၀ အမျိုးသားကို မေလ ၁၆ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့်ချခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
18-May-2017
ပဲခူးမြို့နယ် လိပ်ပြာကန်အနီး မေလ ၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်က လူတစ်ဦး သေဆုံးသည်အထိ အကြောင်းမဲ့ရိုက်နှက် မီးရှို့မှုဖြစ်စဉ်မှ ဦးဆောင်သူကို သင်္ကန်းဝတ်ဖြင့် ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် ဖမ်းဆီးရမိပြီး လက်ရှိဖမ်းဆီးရမိထားသည့် လူငယ်ကိုးဦးကို တရားရုံးတင်ပို့ရန် ပြင်ဆင်နေကြောင်း ပဲခူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
18-May-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ညပိုင်းက နေအိမ်ရေချိုးခန်းတွင် ချော်လဲပြီး သတိလစ်သွားရာမှ လက်ရှိအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရပြီး သတိပြန်လည်ရရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD ပါတီ ဥက္ကဋ္ဌထံမှ သိရသည်။
18-May-2017
ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ယင်းမြို့နယ် ကျေးရွာများမှ ဒေသခံ ၂၀၀ ကျော် စုပေါင်း၍ ယနေ့ (မေလ ၁၈ရက်) နံနက်ပိုင်းက ပန်းတောင်းမြို့လမ်းတစ်လျှောက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။
18-May-2017
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးများကို တရုတ်နိုင်ငံဘက်မှ ကြိုက်နှစ်သက်မှု များပြားလာသည့်အတွက် အရည်အသွေး ပိုမိုကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနိုင်ရန် လိုအပ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဈေးကွက်အတွင်းမှ သိရသည်။
18-May-2017
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လွန်ခဲ့သော သုံးလကျော်ကတည်းက လစ်လပ်နေသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နေရာကို ယနေ့ (မေလ ၁၈ ရက်) ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်တွင် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
18-May-2017
ဂျပန်ဧကရာဇ် အကီဟီတို၏ မြေးအကြီးဆုံးဖြစ်သူ မင်းသမီး မာကိုသည် ကောလိပ်ကျောင်းနေဖက် အရပ်သားတစ်ဦးနှင့် လက်ထပ်ကာ တော်ဝင်မျိုးနွယ်ဘဝကို စွန့်လွှတ်မည် ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
18-May-2017
ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုကြောင့် လူလေးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
18-May-2017
မြန်မာပြည်အနှံ့ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် မေလ ၁၅ ရက် ညပိုင်းက ပြည်ပသို့ ခိုးထွက်ရန် ကြံစည်နေသည့် ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၁၁ ဦးကို လှည့်ကင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ပြောကြားသည်။
17-May-2017
မန္တလေးမြို့တွင် မေလ ၁၆ ရက်နေ့ ညပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် လမ်းမအချို့တွင် ရေလျှံမှုများ ဖြစ်ခဲ့ပြီး မော်တော်ယာဉ်များ သွားလာရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်။
17-May-2017
ဥပဒေကြောင်းအရ တုံ့ပြန်ရန် လိုအပ်ပါက မဘသအဖွဲ့ ကိုယ်စား လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်ကြောင်း မဘသအဖွဲ့ထံမှ သိရသည်။