News

POST SECTION

LATEST NEWS POST

11-Sep-2017
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကြောင့်ဖြစ်နေသော တင်းမာမှုများသည် လတ်တလောနှစ်များအတွင်း ကမ္ဘာ့အဆိုးဆုံး အကျပ်အတည်းကြီး တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယိုဂူတာရီးစ်က သတိပေးပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
11-Sep-2017
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာဂိတ်တွင် စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်က ခရီးဆောင်သေတ္တာအိတ် နှစ်လုံးဖြင့် အပြည့်ထားသော အိန္ဒိယ ရူးပီးငွေ အမြောက်အမြားကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Sep-2017
အိန္ဒိယ၏ ပဲမူဝါဒကြောင့် ပြည်တွင်းပဲဈေးကွက် ဂယက်ထနေသဖြင့် ပြည်ပမှ စားတော်ပဲ တင်သွင်းခွင့်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
11-Sep-2017
တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ရိပ်သာလမ်းတွင် အလှပြင်ဆိုင် ဖွင့်ထားသော အမျိုးသမီး အထည်ဖိုး ကျပ်ခုနစ်သောင်းကျော် မပေးဟုဆိုကာ လူမှုကွန်ရက်တွင် ရေးသားခဲ့သူ အမျိုးသမီးကို စက်တင်ဘာလ ၉ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း တောင်ငူမြို့မ ရဲစခန်းထံမှ သိရသည်။
11-Sep-2017
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့က တစ်လခန့် အပစ်ရပ်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က Twitter မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်သည်။
11-Sep-2017
မြန်မာနိုင်ငံတွင် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပါကစ္စတန် နိုင်ငံသားတစ်ဦး ဝင်ရောက်လာမည့် သတင်းကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်များနှင့် နယ်စပ် ဝင်/ထွက် ဂိတ်များကို အထူးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
11-Sep-2017
ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နျူကလီးယား သိပ္ပံပညာရှင်များကို မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ဧရာမ အခမ်းအနားကြီးဖြင့် ချီးကျူးဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ကြေညာသည်။
10-Sep-2017
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ည ၇ နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီး-မကွေး လမ်းမကြီး တစ်လျှောက်ရှိ ဈေးဆိုင်များကို တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ ဖျက်ဆီးနေသော လူ ၄၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ အင်အားသုံး၍ လူစုခွဲခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ည ၁၀ နာရီတွင် ထုတ်ပြန်သည်။
10-Sep-2017
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသမီး ၈ ဦးကို ရှာဖွေရာမှ စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် ပို့ဆောင်ရန် စုဆောင်းထားသည့် အမျိုးသမီး ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Sep-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်ကို ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းကူးတံတားသစ်ကို အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
10-Sep-2017
ကွမ်းစားခြင်းနှင့် ဆေးရွက်ကြီး ငုံခြင်းအန္တရာယ်များနှင့်ပတ်သက်၍ ကင်ဆာဝေဒနာရှင်များ ကိုယ်တိုင်ပါဝင်သည့် အမျိုးသားအဆင့် မီဒီယာအသိပေး လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်လခွဲကြာ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
10-Sep-2017
ဆေးတက္ကသိုလ် တက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အခြားရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု အလုပ်သင် ဆရာဝန်အများစုက ဖြေဆိုခဲ့ကြောင်း စစ်တမ်း ကောက်ယူခဲ့သည့် ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ စစ်တမ်းကောက်ယူရေး ကော်မတီခေါင်းဆောင် ဒေါက်တာ ထက်ပိုင်ဦးက ပြောကြားသည်။
10-Sep-2017
ဒဂုံတောင်မြို့နယ်၊ (၇၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သည့် အမျိုးသားအား စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။
10-Sep-2017
မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် လူနာအရေအတွက် တစ်လအတွင်း လေးရာကျော် ထပ်တိုးလာကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
10-Sep-2017
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ဒေသခံ ၁၀၀၀ ခန့် စုပေါင်း၍ ယနေ့(စက်တင်ဘာလ ၁၀ ရက်) မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။