News

POST SECTION

LATEST NEWS POST

15-Sep-2017
စပိန်နိုင်ငံတွင်းမှ ကက်တလုံးနီးယားဒေသ ခွဲထွက်ရေးအတွက် လွတ်လပ်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲ ဖြစ်ပေါ်အောင် ထောက်ပံ့ပေးခဲ့သူ ကက်တလုံးနီးယားဒေသ အုပ်ချုပ်ရေးမှူး ၇၀၀ ကျော်ကို တရားစွဲဆို အရေးယူသွားမည်ဟု စပိန်အစိုးရက အမိန့်ထုတ်ပြန်လိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
15-Sep-2017
အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ရန် အဆိုပြုချက်များ တောင်းခံရာတွင် တနင်္သာရီတိုင်းတွင် ကော့သောင်းခရိုင် အလုပ်သမားများဘက်မှ အမြင့်ဆုံး အဆိုပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
15-Sep-2017
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စတုတ္ထသမီးတော်၏ စံအိမ်တော်နှင့် အုတ်နန်းပြဿဒ်ကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
15-Sep-2017
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ ဦးစီးထုတ်ဝေမည့် မြန်မာ့ဥဒါန်းဂျာနယ် ထုတ်ဝေခွင့်ကို ပြန်ကြားရေး ဝန်ကြီးဌာနမှ စက်တင်ဘာလ ပထမအပတ်အတွင်း ခွင့်ပြုထားပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။
15-Sep-2017
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက်ပိုင်းက လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Sep-2017
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များကို အသက် ၁၈ နှစ်မှ ၂၆ နှစ်ကြားရှိ အမျိုးသား ၇ ဦးက ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
15-Sep-2017
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀ ရက်အပြီး အလုံးစုံ အာမခံထားရှိရန် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
15-Sep-2017
ပုသိမ်လေဆိပ်မှ လေ့ကျင့်ပျံသန်းလာစဉ် ပျောက်ဆုံးသွားခဲ့သည့် တပ်မတော် (လေ) လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်ကို ၁၀ ရက်ကြာ (စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်း) သည်အထိ ရှာမတွေ့သေးကြောင်း ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးအောင်ကျော်စိုးက The Voice သို့ ပြောကြားသည်။
15-Sep-2017
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မောင်တောခရိုင်အတွင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနီးရှိ ကျေးရွာ ၂၅ ရွာမှ ဒေသခံ လေးထောင်ကျော် နေရပ်ပြန်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။
15-Sep-2017
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တောရှိ အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားများကို ကျပ်သိန်း ၄၅၀၀ ကျော်ခန့် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောခွင့်ရဆရာတော် ဒေါက်တာသောပါကက The Voice သို့ မိန့်ကြားသည်။
15-Sep-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
15-Sep-2017
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင် ပံ့ပိုးခဲ့သည့် ဂျပန်နိုင်ငံ၊ ဂျပန်ကျွန်းကို နှစ်မြှုပ်ပစ်ကာ အမေရိကန်ပြည်ထောင်စုကို ပြာပုံနှင့် မှောင်အတိဖုံးအောင် နျူကလီးယားလက်နက်များဖြင့် တိုက်ခိုက်သွားမည် ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
14-Sep-2017
မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ် ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ သီရိ KTV ဆိုင်တွင် စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်က အရိုးအသွား ၉ လက်မခန့်ရှိ သံရိုးတပ်ဓားဦးချွန်မောင်းချထားကိုင်ဆောင်ပြီး ရမ်းကားသူ အသက် ၂၀ အရွယ် အမျိုးသားကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Sep-2017
နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ကယားနှင့် ချင်းပြည်နယ်များမှ အုပ်ချုပ်ရေးမှူး သုံးဦးကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနသို့ မူလရာထူးဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းက ပြောကြားသည်။
14-Sep-2017
ဂျာမနီအခြေစိုက် နိုင်ငံတကာ လက်ကားရောင်းဝယ်ရေးနှင့် အစားအစာကုမ္ပဏီ METRO က အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါ အထူးစီးပွားရေးဇုန်တွင် အစားအစာ ကုန်လှောင်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။