News

POST SECTION

LATEST NEWS POST

27-Jul-2017
စက်မှုဝန်ကြီးဌာန မြေအမည် ပေါက်ကိစ္စနှင့်ပတ်သက်ပြီး ရောင်းသူ မြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မော်လိုက်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး(ယခင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး)ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၀/ ၆၃ ဖြင့် တရားစွဲဆို
27-Jul-2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို အမှန်တကယ် နေထိုင်ကြောင်း သက်သေခံ စမတ်ကတ် ထုတ်ပေးထားပြီး ရရှိထားသူ အိမ်ထောင်စုများကို ထပ်မံ၍ ယာယီ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် ထုတ်ပေးနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
26-Jul-2017
အပူပိုင်းမုန်တိုင်း SONCA ၏ အရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
26-Jul-2017
မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် တောင်ပြုန်းပွဲတော်တွင် H1N1 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတိပြုရမည့် အချက်များ ပါဝင်သော သတိပေး ဆိုင်းဘုတ်များ ထားရှိပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
26-Jul-2017
တစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များရှိ ဆရာများ ရာထူးတိုးရာတွင် ဝန်ကြီးဌာနများအနေနှင့် မျှတမှုမရှိဟုဆိုကာ ဖဲကြိုးပြာလှုပ်ရှားမှု ဇူလိုင်လကုန်တွင် တက္ကသိုလ်ဆရာများက စတင် ပြုလုပ်မည်ဖြစ်သည်။
26-Jul-2017
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် (၄၆/၆) နှင့် (၄၆/၇) ကြားတွင် ယနေ့(ဇူလိုင်လ ၂၆ ရက်) ညနေ ၄ နာရီခန့်က ခရီးသည်တင် မှန်လုံယာဉ် သုံးစီး ယာဉ်မတော်တဆမှုဖြစ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
26-Jul-2017
ထားဝယ်မြို့ရှိ ကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 တွေ့ရှိမှုကြောင့် ထားဝယ်မြို့နယ်ရှိ စာသင်ကျောင်းများ ငါးရက် ပိတ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။
26-Jul-2017
ရာသီတုပ်ကွေးရောဂါ (H1N1) ထိန်းချုပ်ရန် ကာကွယ်ဆေး ထိုးသင့်၊ မသင့် ဇူလိုင်လ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ဆေးပညာရှင်များ ဆွေးနွေး၊ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
26-Jul-2017
ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်းရှိ တရုတ်ပြည်သို့ သွယ်တန်းထားသော ရေနံပိုက်လိုင်းမှ သုံးလကျော်အတွင်း ရေနံတန်ချိန် ၁၃ သိန်း ပို့လွှတ်ပြီးဖြစ်ကြောင်း အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ SEAGP ထံမှ သိရသည်။
26-Jul-2017
အငြိမ်းစားဒုတိယဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးသို့ နယ်မှ လာရောက် တရားရင်ဆိုင်စဉ် ပျောက်ဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၂၁ ရက်အကြာ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၁၁ နာရီတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
26-Jul-2017
တာချီလိတ်မြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့ရှောင်လမ်း ရွှံ့ဗွက်အတွင်း နစ်မြုပ်နေသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ ပိတောက်သစ်ခွဲသား ကိုးတန်ကျော် ဖမ်းမိခဲ့ရာ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်ပိုင်းတွင် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
26-Jul-2017
တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များကို အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။
26-Jul-2017
ရန်ကင်း ကလေးဆေးရုံကြီး၌ ရာသီတုပ်ကွေး (H1N1) ရောဂါ ကလေးလူနာ နှစ်ဦး တွေ့ရှိရပြီး အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။
26-Jul-2017
အမျိုးသမီးများ၏ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင် မကြာသေးမီက ပြုလုပ်ခဲ့သော မျက်စိ ကျန်းမာရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၏ တွေ့ရှိချက်များအရ အမြင်အာရုံ လုံးဝဆုံးရှုံးမှုနှင့် လျော့နည်း ကျဆင်းသူများ၏ သုံးပုံနှစ်ပုံသည် အမျိုးသမီးများဖြစ်ကြောင်း
26-Jul-2017
မြောက်ကိုရီးယားနှင့် ပဋိပက္ခ ဖြစ်လာနိုင်ခြေ ရှိသည့်အတွက် တရုတ်နိုင်ငံက ကြိုတင်ပြင်ဆင်နေပြီး နယ်ခြားစောင့် တပ်မဟာတစ်ခု အသစ်ထူထောင်ခြင်း၊ အရပ်သားများအတွက် ဗုံးခိုကျင်းများ တည်ဆောက်ပေးခြင်း အပါအဝင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ကာကွယ်ရေး အစီအမံများ တိုးမြှင့်နေကြောင်း Wall Street Journal က ဖော်ပြသည်။