News

POST SECTION

LATEST NEWS POST

03-May-2018
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဇွန်လအတွင်း ကျင်းပမည့် ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲမှစတင်ကာ အမည်ပျက်စာရင်းတင်သွင်းခြင်းကို ပယ်ဖျက်လိုက်ပြီး အာမခံစပေါ်ငွေ တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
03-May-2018
ဗာတီကန်မြို့ပြနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ကာဒီနယ်ဘုန်းတော်ကြီး ဂျော့ချ် ပဲလ်သည် သမိုင်းနှင့်ချီသည့် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုများအတွက် အမှုရင်ဆိုင်ရတော့မည်ဖြစ်ပြီး ကက်သလစ် ကျောင်းတော်သမိုင်းတွင် လိင်မှုကိစ္စဖြင့် စွဲချက်တင်ခံရသူများထဲတွင် ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
03-May-2018
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းအနေနှင့် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများနှင့် အကျိုးတူပူးပေါင်းကာ ဆီထွက်သီးနှံ ဧက ၁၂,၀၀၀ စိုက်ပျိုးရန်ရှိနေကြောင်း ယင်းအသင်းထံမှ သိရသည်။
03-May-2018
နိုင်ဂျီးရီးယားနိုင်ငံ မူဘီဒေသတွင် ဗလီဝတ်ကျောင်းတစ်ခုနှင့် ဈေးတစ်ခုတို့ကို အသေခံဗုံးခွဲသမားများက ဗုံးနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ရာ လူဒါဇင်ပေါင်းများစွာ သေဆုံးသွားခဲ့ကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
03-May-2018
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် လေကြောင်း စောင့်ကြည့်သည့် အဆင့်မြင့် ရေဒါစက် (Primary radar) များကို ဂျပန်နိုင်ငံ၏အထောက်အပံ့ဖြင့် ယခုနှစ်အတွင်း တပ်ဆင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးသန့်စင်မောင်က ပြောကြားသည်။
03-May-2018
မေလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့က ကမ္ဘာ့နိုင်ငံ အတော်များများတွင် အလုပ်သမားများနှင့် အစိုးရ အတိုက်အခံများက ချီတက်ဆန္ဒပြခဲ့ကြရာ အချို့သော ဆန္ဒပြပွဲများသည် ဆူပူအုံကြွမှုအသွင် ဆောင်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ခဲ့သော်လည်း အချို့မှာမူ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ဆန္ဒပြပွဲပုံစံမျိုးဖြစ်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
03-May-2018
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သာဓုကန်စက်မှုဇုန် (၁) ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မေလ ၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က သံစင်များအား “မ” ၍ ရွှေ့ပြောင်းစဉ် ဓာတ်လိုက်ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
03-May-2018
ဂျာမနီနိုင်ငံ၏ စစ်ဘက်အသုံးစရိတ်သည် ၂၀၁၇ တွင် စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု SIPRI အစီရင်ခံစာတွင် ဖော်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
03-May-2018
စစ်ကိုင်းမြို့၌ မေလ ၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပိုက်ဆံအိတ်လုယက်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံမှ သိရသည်။
03-May-2018
စင်ကာပူနိုင်ငံချန်ဂီလေဆိပ်တွင် ခရီးသည်များ ဝင်ရောက်ထွက်ခွာမှု ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပြီးမျက်နှာ ခွဲခြားသိမှတ်စနစ် (Facial Recognition) ကို စမ်းသပ်သုံးစွဲနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
03-May-2018
ရွေးချယ်ခံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ၏ စတုတ္ထသက်တမ်း ၂၀၁၈-၂၀၂၁ အတွက် အလုပ်အမှုဆောင်အဖွဲ့ဝင် အရေအတွက် တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။
03-May-2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ငွေပေးချေကတ်စနစ် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှင့် ယခုလကုန်တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။
03-May-2018
စားပွဲထိုးဝန်ထမ်း လူငယ်တစ်ဦးကို ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်မှုဖြင့် တရားရင်ဆိုင်နေရသော မယ့်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်၏ ကျန်းမာရေးအရ အာမခံလျှောက်ထားမှုကို မေ ၂ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ်တရားသူကြီးက သတင်းထောက်များကို ပြောကြားသည်။
03-May-2018
၂၀၁၉ ခုနှစ် မတ်ပဲစိုက်ရာသီအတွက် တောင်သူများနစ်နာမှုမရှိစေရန်နှင့် ဈေးကွက်ထိန်းညှိတာဝန်ယူပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများက အစိုးရအဖွဲ့အဆင့်ဆင့်ထံ တင်ပြမည်ဖြစ်ကြောင်း ဟင်္သာတအခြေစိုက် ဒေသဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးကျော်လွင်က ပြောကြားသည်။
03-May-2018
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နမ္မတီးမြို့၊ လမ်းခွ ကျေးရွာအတွင်းရှိ ဘာသာရေးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ကဆုန့် နှင့် ဇွပ်မိုင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒေသခံများတွင် နှာစေး၊ ချောင်းဆိုးရောဂါများဖြစ်နေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းထံမှ သိရသည်။