News

POST SECTION

LATEST NEWS POST

08-May-2018
တတိယ မြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်မင်းဆက်တည်ထောင်သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ နတ်ပြည်စံသက် ၂၅၈ နှစ်ပြည့်အဖြစ် မေလ ၁၁ ရက်နေ့တွင် ရတနာသိင်္ဃနန်းတော်ရာတွင် သံဃာများကို ဆွမ်းဆန်စိမ်းလောင်းလှူ၍ ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း အနွယ်တော်ဝင် ဦးစိုးဝင်းက ပြောကြားသည်။
08-May-2018
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မိမ္မလာတောင်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ခွင့်ပြုချက်မရှိဘဲ တူးဖော်နေမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ပြည်နယ်လွှတ်တော်မှ ပြည်ထောင်စုအစိုးရထံ မေလ ၅ ရက်တွင် တိုင်ကြားစာပေးပို့ထားကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီထံမှ သိရသည်။
08-May-2018
မိတ္ထီလာမြို့၌ လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေး ပိုမိုကောက်ခံသောဂိတ်သုံးခု စစ်ဆေးတွေ့ရှိရသဖြင့် သတိပေးအရေးယူမှု ပြုလုပ်ရန်ရှိကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။
08-May-2018
မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား ဝေဖြိုးနိုင်ကို ရိုက်နှက်သူ ရဟန်းကို အမြန်ဆုံး အရေးယူစေလိုကြောင်း ကျောင်းသားမိဘနှင့် ဒေသခံများက ပြောကြားသည်။
08-May-2018
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု လယ်တီစုကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းဘေး လယ်ကွက်များအကြားရှိ ရိုးချောင်း ချောက်ထဲတွင် မီးလောင်ထားသော လူအရိုးစုများကို မေလ ၆ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ကျောင်းကုန်းမြို့မရဲစခန်းထံမှ သိရသည်။
08-May-2018
မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မှ ယခုနှစ်တွင် ကျွန်းနှင့်သစ်မာ တန်ချိန် စုစုပေါင်း သုံးသိန်းခွဲကျော် ထုတ်ယူမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းထံမှ သိရသည်။
08-May-2018
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးသုံးဦးကို နေရာအပြောင်းအလဲပြုလုပ်ရန် နိုင်ငံတော်သမ္မတထံ စာတင်ထားကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးဇိုဘွဲ့က ပြောကြားသည်။
08-May-2018
ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လိုင်နှောင်ခူးဒေသအတွင်း ပိတ်မိနေသော စစ်ရှောင်ဒေသခံ တစ်ရာကျော်ကို သွားရောက်တွေ့ဆုံရန် သပိတ်စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက်ရန် ကချင်လူငယ်ထုက စီစဉ်ခဲ့သော်လည်း အစိုးရကကယ်ထုတ်နေသည်ဟု ကြားသိရသည့်အတွက် ယင်းချီတက်မှုကို ခေတ္တရပ်နားထားကြောင်း ယင်းသပိတ်စခန်း ဦးဆောင်ကော်မတီထံမှ သိရသည်။
07-May-2018
မန္တလေးတိုင်းအတွင်းမှ ဉာဏ်ရည်မသန်စွမ်းသည့် ကလေးများက အားကစားပြိုင်ပွဲမှရသော ဆုကြေးငွေများကို မန္တလေးတောင်ခြေရှိ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများကို မေလ ၇ ရက်နေ့က လှူဒါန်းပေးခဲ့ကြသည်။
07-May-2018
လက်ရှိအစိုးရလက်ထက် ပြင်ဆင်ရေးဆွဲ ထုတ်ပြန်လိုက်သည့် မြန်မာ့သတ္တုတွင်း ဥပဒေသည် ဒေသခံပြည်သူကို ကာကွယ်မပေးနိုင်ဘဲ ပြည်ပက လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ အကျိုးရှိရေးအတွက်သာ ဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း ပြင်ဦးလွင် ခရိုင်အတွင်းရှိ မြို့နယ်ငါးခုမှ ဒေသခံများက ပြောဆိုသည်။
07-May-2018
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာတွင် ဘုရားနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဘာသာရေးအဖွဲ့ တည်ထောင်ထားသည့် ကောင်းကင်သစ် ခရစ်တော်၏ ဝိညာဉ်တော် မိသားစုအဖွဲ့ခေါင်းဆောင် လင်မယားကို မေလ ၄ ရက်က လူခိုးမှုဖြင့် ကျုံပျော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
07-May-2018
ပြည်တွင်းစစ် ရပ်တန့်ပေးရန် မော်တင်လမ်းဆုံမှ ဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်သည့်အဖွဲ့မှ ဦးဆောင်သူ လေးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာ မြို့နယ်လေးခုတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-May-2018
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်အိမ်ထောင်စု လေးထောင်ကို သန်းခေါင်စာရင်းလုပ်ပေးရန် လူအင်အား ၃၀၀ ခန့်က မြို့နယ် လ.ဝ.က ဦးစီးမှူးကို မေလ ၇ ရက်တွင် ဆန္ဒပြခဲ့သည်။
07-May-2018
ခုံသမာဓိကောင်စီအမိန့်ကို မနာခံသည့်လုပ်ငန်းရှင်ကို ထောင်ဒဏ်နှင့် ငွေသိန်း ၁၀၀ အမိန့်ချမှတ်ရန် လှိုင်သာယာမြို့နယ်ရှိ အလုပ်သမား သမဂ္ဂများ၏ မေလ ၇ ရက် ဆန္ဒပြမည့် အစီအစဉ်မှာ ခွင့်ပြုချက် မရခဲ့ကြောင်း လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်အလိပ် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲသူရက ပြောကြားသည်။
07-May-2018
မြန်မာနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံ များအဖွဲ့အစည်း(အိုအိုင်စီ)၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် ယင်းအဖွဲ့အစည်းက လာရောက် စစ်ဆေးခြင်းမျိုးကို မြန်မာအစိုးရက လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice Daily သို့ ပြောကြားသည်။