News

POST SECTION

LATEST NEWS POST

29-May-2020
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအားကစားသမားလေးဦးနှင့် လဲလှယ်ရန် ကမ်း လှမ်းမှုပြုလုပ်လိုက်ကြောင်း Dailymail က ဖော်ပြခဲ့သည်။
29-May-2020
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ် ကော်မတီသည် ဖူဆယ်နှင့်အမျိုးသမီး ဘောလုံးလောက တိုးတက်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
29-May-2020
အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်၏ ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ရွန်စမစ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ရပြီးနောက် ဆုံးပါးသွားခဲ့ပြီဟု Dailymail က ဖော်ပြခဲ့သည်။
29-May-2020
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ကိုရိုနာဗိုင်ရပ်စ်ပြဿနာကြောင့် စီးရီးအေပြိုင်ပွဲတွင် ဆုံးရှုံးနစ်နာရ မည့်အရေအတွက်သည် ယူရို သန်း ၇၀ဝ ကျော်ရှိလိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်ဟု Goal.com ကဖော်ပြခဲ့သည်။
29-May-2020
ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင်ရန် မေလ ၂၉ (ယနေ့) မှစ၍ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
29-May-2020
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)က ပုဂ္ဂလိကသတင်းစာတိုက်များကို မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများနှင့် ပိုးသတ်လက်ဆေးဆပ်ပြာရည်များ ပေးအပ်ကူညီခဲ့သည်။
29-May-2020
နိုင်ငံတော်၏ အရန်ရိက္ခာအစီအစဉ်အရ ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၈၀ ခုထံမှ ဆန်တန်ချိန် ၂၂,ဝ၀ဝ ကျော် ဝယ် ယူထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
29-May-2020
မကွေးတိုင်း ချောက်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီက မော်တော်ယာဉ်အသင်း ၃၅ သင်းကို မေလ ၂၈ ရက်နေ့က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီတို့ထောက်ပံ့ပေးအပ်သည်ဟု ယင်းကော်မတီထံမှသိရသည်။
29-May-2020
မဟာအောင်မြေကျောက်ဝိုင်းကို ဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခွင့်ရရန် စီစဉ်နေပြီး မေလ ၂၉ ရက်နေ့ကစ၍ ဝင်ခွင့်ကတ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။
29-May-2020
ကျောင်းများဖွင့်ချိန်တွင် ကိုယ်ပိုင်အထက်တန်းကျောင်းများအနေနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရန် ကျောင်းဖွင့်လှစ်ရေးစီမံချက်များ ရေးဆွဲထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်းထံမှ သိရသည်။
29-May-2020
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ကုသိနာရုံဘုရားဝင်းအတွင်းရှိ ယာယီဈေးသို့ ပြောင်းရွှေ့ခံထားရသော ဈေးသည်များက ယင်းရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မူလနေရာဖြစ်သည့် အောင်သီရိဈေး (ကုလားကုန်းဈေး )ဝင်း အပြင်လမ်းတွင် ပြန်လည်ရောင်းချ ခွင့်ပြုရန် မေလ ၂၇ ရက်နေ့က တိုင်းအစိုးရထံ တင်ပြတောင်းဆိုခဲ့ကြသည်။
29-May-2020
ဟောင်ကောင်တွင် မတည်မငြိမ်မှုများနှင့် ဆူပူအြွုံကမှုများကို ဖြစ်ပေါ်စေခဲ့သည့် အငြင်းပွားဖွယ် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပါလီမန်ကအတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-May-2020
အမေရိကန်ပြည်ထောင်စုတွင် လပေါင်းလေးလမပြည့်မီအချိန်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
29-May-2020
အမေရိကန်ဥပဒေတွင် ဟောင်ကောင်ကို တရုတ်ထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသဖြင့် အထူးဆက်ဆံရေး သတ်မှတ်ထားခြင်းကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။
29-May-2020
ကိုရိုနာရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသားများ ခံစားခွင့်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။