News

POST SECTION

LATEST NEWS POST

11-Apr-2019
ကျဆင်းနေသော ပြည်တွင်းရွှေဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲနီးပါးခန့်အထိပြန်လည်မြင့်တက်ကြောင်း ရန်ကုန်မြို့တော်၏ အဓိကရွှေဈေးကွက်ဖြစ်သော ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
11-Apr-2019
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်းဟောင်းပေါ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ဆီဘောက်ဆာယာဉ်တစ်စင်း တိမ်းမှောက်၍ လမ်းဘေးဈေးဆိုင်ကိုပိမိရာ ဆိုင်ထဲ အိပ်ပျော်နေသူနှစ်ဦးအနက် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ရေတာရှည် မြို့မရဲစခန်းမှစုံစမ်းသိရှိရသည်။
10-Apr-2019
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ အရာရှိငါးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူလိုက်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင် (ACC) က သတင်းထုတ်ပြန်ခဲ့သည်။
10-Apr-2019
ထားဝယ်ဒေသ၏ ရိုးရာအစဉ်အလာ တစ်ခုဖြစ်သည့် ကလေးသင်္ကြန်ကာလတွင် မြို့ပေါ်ရပ်ကွက်များ၌ မဏ္ဍပ်တစ်ခုစီ ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
10-Apr-2019
မလေးရှားရောက် မြန်မာလူငယ်အဖွဲ့က သောက်သုံးရေ အခက်အခဲ ဖြစ်နေသော မကွေးတိုင်း မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စု၊ လှေဝန်းကျေးရွာအား ဧပြီလ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တွင် စုစုပေါင်း သောက်သုံးရေ ဂါလံ ၉၆၀၀ လှူဒါန်းသည်ဟု ယင်းကျေးရွာဒေသခံများထံမှ သိရသည်။
10-Apr-2019
ပုသိမ်မြို့ အမှတ် ၂ ရပ် ကွက် ကမ္ဘာအေးလမ်းရှိ ဆေးဆိုင်တစ်ဆိုင်တွင် တရားမဝင် ကာမစိတ်ကြွဆေး ရောင်းချနေသူကို သက်သေခံ ပစ္စည်းများနှင့်အတူ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ပုသိမ်နယ်မြေ ရဲစခန်းထံမှသိရသည်။
10-Apr-2019
တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခံရသော ဗ-က-သ အဖွဲ့၏ ကေတုအိုးဝေ သံချပ်အဖွဲ့ ယခုနစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည် ဖြေဖျော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သံချပ်အဖွဲ့ခေါင်းဆောင် ကိုဖြိုးဓနချစ်လင်းသိုက်က ပြောကြားသည်။
10-Apr-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၀ အနီး၌ ယနေ့ နံနက် ၃ နာရီ ၄၅ မိနစ်က ဘုရားဖူး မော်တော်ယာဉ်တစ်စင်း အရှိန်လွန် တိမ်းမှောက်ခဲ့ရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
10-Apr-2019
တနင်္သာရီတိုင်းအတွင်းရှိ မီးသတ်ကားများ စက်သုံးဆီပိုလျှံပါက အစိုးရသို့ ပြန်လည်အပ်နှံရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက တိုက်တွန်းပြောဆိုသည်။
10-Apr-2019
မွန်ပြည်နယ်တွင် လာမည့်သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း သုံးလိုင်းသာ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။
10-Apr-2019
မကွေးတိုင်း ချောက်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့သို့ ပြေးဆွဲနေသော အဝေးပြေး ယာဉ်လိုင်းများ ယာဉ်စီးခ ဈေးနှုန်းထားများ တိုးမြှင့်မရောင်းချရန် ဧပြီလ ၉ ရက် နံနက်ပိုင်းက လိုက်လံသတိပေးသည်ဟု ယင်းမြို့ စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။
10-Apr-2019
အညာဒေသတွင် ရက်အကြာဆုံး ဘုရားပွဲတော်ဖြစ်သည့် မန်းရွှေစက်တော်ဘုရားကြီးတွင် စက်လှေကားနှင် ဓာတ်လှေကားများတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယင်းဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။
09-Apr-2019
မကွေးမြို့ သာယာလှပရေးအတွက် သင်္ကြန်ပွဲတော်ကာလမှစတင်ကာ အမှိုက်ထည့်သည့် ပီပါအလုံးရေ (၁၃၀)ကျော်ကို စတင်ချထားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
09-Apr-2019
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ဇေယျဝတီမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ နံနက် ၆ နာရီခန့်က လမ်းဘေးရပ်ထားသည့် ကုန်တင်ယာဉ်ကို ခရီးသည်တင်ယာဉ်က ဝင်တိုက်မိရာမှ ယာဉ်မောင်းအမျိုးသား သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဇေယျဝတီ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်
09-Apr-2019
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် ဧရာဝတီ တိုင်းဒေသကြီး မဟာသင်္ကြန် ကျင်းပရေး ကော်မတီမှ သိရသည်။