News

POST SECTION

LATEST NEWS POST

အသက်ကိုးနှစ်အရွယ် ဩစတြေးလျ ကျောင်းသူဟတ်ပါနီလ်ဆင်က ဩစတြေးလျ နိုင်ငံတော်သီချင်းသည် လူမျိုးရေးခွဲခြားမှုရှိသည်ဟုဆိုကာ ဆန္ဒပြသည့်အနေနှင့် မတ်တတ်ရပ်ရန် ငြင်းဆန်ခဲ့မှုကြောင့် အငြင်းပွားစရာကိစ္စ ဖြစ်လာခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးကို ပြောင်းရွှေ့ခြင်းမပြုရန်နှင့် ၎င်း၏ မြို့ဖွံ့ဖြိုးရေးလုပ်ရပ်များကို ထောက်ခံကြောင်း မြို့ခံ ၃၀၀ ခန့်က ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်ကြေးရုပ်အနီး ဆန္ဒပြခဲ့ကြသည်။
သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာအုပ်စု ပေါက်မှော်ရွာမြောက်ဘက် ဆင်လူးချောင်းအတွင်းမှ အမျိုးသားအလောင်းတစ်လောင်း ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း တာပွန်နယ်မြေရဲစခန်းထံမှ သိရှိရသည်။
နိုဝင်ဘာ ၃ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် သားဖြစ်သူ ဦးတင်မောင်ဝင်းအနိုင်မရလျှင် ရခိုင့်နိုင်ငံရေးလောကကို ကျောခိုင်းမည်ဟု ဒေါက်တာအေးမောင်က ပြောဆိုသည်။
အရက်၊ ဘီယာနှင့် စီးကရက်အပါအဝင် အထူးကုန်စည်ခွန်များ၌ သတ်မှတ်ထားသည့် အခွန်အမှတ် တံဆိပ်မကပ်နှိပ်ခြင်းနှင့် အတုများ ကပ်နှိပ်ထားသည်ကိုတွေ့ရှိ၍ သတင်းပေးသူကို ဒဏ်ကြေး၏ ၂၀ ရာခိုင်နှုန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်သည်။
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု သရက်ကုန်းရွာနေ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၁၃ ရက် ည ၆ နာရီခွဲခန့်က စိတ်ကြွရူးသွပ်ဆေး သုံးစွဲရောင်းချနေသူလေးဦးကို WY ဆေးပြား ၄၀၀ ခန့်နှင့်အတူ ဖမ်းမိခဲ့ကြောင်း တောင်ငူ အမှတ် (၂) ရဲစခန်းထံမှသိရှိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူခံရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေအရာရှိချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးကို လသာ၊ ကျောက်တံတားနှင့် သာကေတမြို့နယ်များရှိ ရဲစခန်းအချုပ်တွင် လူစုခွဲ၍ ထိန်းသိမ်းထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ပြည်တွင်းဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းများနှင့်ချိတ်ဆက်၍ ဒေသအစုံ သွားရောက်လည်ပတ်ရာတွင် ဘုရားဖူးခရီးသွားများအနေနှင့် မဖြစ်မနေအာမခံထားရှိရန် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဘုရားဖူးခရီးသည်များ အသက်အာမခံထားရှိမှု မြင့်တက်လာကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း DPTOA မှ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
အစိုးရအဖွဲ့၏ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်၏ အသုံးစရိတ်တောင်းခံငွေ ကျပ်ဘီလီယံ နှစ်သောင်းကျော် (သန်းပေါင်း ၂၄,၉၅၄,၁၆၅ ဒသမ ၉၉၇ ) မှ ကျပ် ဘီလီယံ နှစ်ရာ့သုံးဆယ်ခန့် (တစ်ရာခိုင်နှုန်းခန့်သာ) ဖြတ်တောက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
သဲကုန်းမြို့နယ်​၊ ပုတီးကုန်းမြို့အတွင်းရှိ ကန့်လန့်ကုန်း​ကျေးရွာအုပ်​စု ဖလံ​တောင်​​ဝေး​ကျေးရွာ ​(မြောက်​​ကျောင်း ဘုန်းကြီး​ကျောင်း) အတွင်း ဘုရားဆင်းတု​တော်​များ ခိုးယူသူများကို ဖမ်းဆီးရမိခဲ့ပြီး ရဟန်းနှစ်ပါး ပါဝင်​​နေကြောင်း ပုတီးကုန်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်​လှဝင်းက ​ပြောကြားသည်​။
14-Sep-2018 tagged as ဈေးကွက် ရွှေ
ဩဂုတ်လဆန်းပိုင်းမှ စတင်မြင့်တက်လာသော ပြည်တွင်းရွှေဈေးသည် စက်တင်ဘာလ ၁၃ ရက်နေ့၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းနီးပါးသို့ ရောက်ရှိပြီး စံချိန်တင်ဈေးနှုန်းတစ်ရပ်ဖြင့် ဈေးပိတ်သွားကြောင်း ရွှေလက်ကား ဈေးကွက်အတွင်းမှ သိရသည်။
ကာစီနိုလောင်းကစားကို နိုင်ငံခြားသားသာ သီးသန့်ကစားခွင့်ရရန် လောင်းကစားဥပဒေကို ပြန်လည်ပြင်ဆင်၍ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အိုင်တီအခြေခံ တတိယစက်မှုတော်လှန်ရေးကို ကျော်ဖြတ်ခဲ့ပြီး စတုတ္ထစက်မှုတော်လှန်ရေး၏ အသွင်ပြောင်းနည်းပညာ ရုတ်ခြည်းတိုးတက်မှုများကို ခုန်ပေါက်အမီလိုက်နေရကြောင်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်ဟု Bangkok Post သတင်းတစ်ရပ်က ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဟန်ထူးနှင့် ၆ ဦးက သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို တရားစွဲခံရသူများ၏ မိဘများထံမှ လာဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။
ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်သည်။