News

POST SECTION

LATEST NEWS POST

12-Dec-2018
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
12-Dec-2018
ဒီဇင်ဘာလဆန်းက ဆက်တိုက်ကျလာသော အမေရိကန်ဒေါ်လာဈေးသည် ယခုရက်ပိုင်းတရိပ်ရိပ်ပြန်တက်လာပြီး ယနေ့ပေါက်ဈေး တစ်ဒေါ်လာ ၁၅၇၅ ကျပ်ရှိကြောင်း ငွေကြေးဈေးကွက်မှ သိရသည်။
12-Dec-2018
ကမ္ဘာ့ရန်ပုံငွေအဖွဲ့က တီဘီရောဂါဖြစ်ပွားမှုကို မပျက်မကွက်သတင်းပေးပို့ခြင်းလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
12-Dec-2018
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်၊ လှော်ကားလမ်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းအမျိုးသားနှစ်ဦးကို ကိုယ်ဝန်သုံးလရှိနေသည့် အသက် ၂၀ နှစ် အမျိုးသမီးတစ်ဦးက ဒီဇင်ဘာလ ၁၀ ရက် နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
12-Dec-2018
မန္တလေးမြို့တော်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆီစစ်ကန်တပ်ဆင်ရန် ညွှန်ကြားခဲ့သော်လည်း မတပ်ဆင်ဘဲနေသည့် ဆိုင် ၅ ဆိုင်ကို ဒဏ်ငွေကျပ် ၂ သိန်း ရိုက်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာနထံမှ သိရသည်။
12-Dec-2018
တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ ၁၆ လမ်းတွင် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁ နာရီက နာရေးအိမ်ရှေ့တွင် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
12-Dec-2018
ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံလမ်းမကြီးထောင့်ရှိ ကုန်းလမ်းပို့ဆောင်ရေးပိုင်မြေကို ငှားကာ ဆိုင်ခန်းဖွင့်လှစ်ခဲ့သူ ၁၈ ဦးအနက် ဆိုင်ခန်း ၈ ခန်းပိုင်သူ ၈ ဦးက သတ်မှတ်လျော်ကြေး မရရှိပါက ဖယ်ရှားမည်မဟုတ်ဘဲ အတင်းအကျပ်ဖယ်ရှားရှင်းလင်းမည်ဆိုပါက တရားစွဲဆိုကာ ဆန္ဒပြမည်ဖြစ်ကြောင်း စားသောက်ဆိုင်ဖွင့်လှစ် ထားသူ ဒေါ်ယုယုကြည်က ပြောကြားသည်။
12-Dec-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ မြို့နယ်၊ ဟိုနားကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဟိုနားကျေးရွာမှ ဒေသခံ ၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းမောင်က ပြောကြားသည်။
12-Dec-2018
အိန္ဒိယရွေးကောက်ပွဲ အစောပိုင်းရလဒ်များက ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ အာဏာရဘီဂျေပီပါတီသည် ၎င်းတို့ အာဏာရထားသော အဓိကပြည်နယ်သုံးခုတွင် အရေးနိမ့်နေကြောင်းကို ပြသနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
12-Dec-2018
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းတန် ကြေးရှိသည့် ဘိန်းဖြူပမာဏ ၃၇၀ ကီလို ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
12-Dec-2018
မြန်မာခရက်ဒစ်ဗျူရိုနှင့် အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ Equifax New Zeland Services and Solution Limited တို့ ပူးပေါင်း၍ ဆော့ဖ်ဝဲလိုင်စင်အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။
12-Dec-2018
စစ်ကိုင်းမြို့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတိုက်၌ ကိုရင်ငယ်၊ သီလရှင်ငယ်နှင့်ကျောင်းသားကလေးများကို ခရစ်ယာန်ဓမ္မဆရာ ဦးဆောင်သည့်အဖွဲ့က ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေမည့် အသုံးအနှုန်းများဖြင့် ရွတ်ဆိုပြုလုပ်ခိုင်းသည့်အတွက် သာသနာ ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ထားကြောင်း မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ က မိန့်ကြားသည်။
12-Dec-2018
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ၃၅ လမ်းနှင့် ဘားလမ်း (အထက်) ဘလောက်၊ နောက်ဖေးလမ်းကြားဥယျာဉ်တွင် အများပြည်သူဖတ်ရှုနိုင်မည့် နံရံကပ်စာကြည့်တိုက်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
12-Dec-2018
MRTV-4 ဆရာတော်ဟု လူသိများခဲ့သည့် ဦးရွှေဝါထွန်းနှင့် သူ၏ဇနီးဆိုသူတို့ကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် အမျိုးသားတစ်ဦးက ဒီဇင်ဘာ ၇ တွင် ရန်ကုန် မြောက်ဥက္ကလာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
12-Dec-2018
ရန်ကုန်တိုင်း တရားလွှတ်တော်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးလှအေးကို တိုင်းတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး၌ အမည်စာရင်းတင်သွင်းလိုက်သည်။