News

POST SECTION

LATEST NEWS POST

17-Apr-2019
သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ အတက်နေ့တွင် မန္တလေးတိုင်းအတွင်းရှိ ဆေးရုံများသို့ အရေးပေါ် တက်ရောက်လာသူ လူနာ နှစ်ရာနီးပါးအထိရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Apr-2019
မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ နေအိမ်မှာ ဧပြီလ (၁၅ )ရက်နေ့ ညနေပိုင်းက ဖောက်ထွင်းခံရကြောင်း မုပွန်နယ်မြေရဲစခန်းထံမှသိရသည်။
16-Apr-2019
ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆောင်ခရန် ရေသဘင်ပွဲတော်၏ ပထမငါးရက်တွင် ယာဉ်မတော်တဆမှုပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး ယင်းအမှုများ အားလုံးကို တရားရုံးထံသို့ တင်ပို့ထားပြီဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။
16-Apr-2019
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ရာ၌ ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည့် အာဖရိကငါးခူသားပေါက်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ဘေးမဲ့လွှတ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာန နှိုးဆ်ာထားသည်။
16-Apr-2019
မုံရွာမြို့ မြို့သစ်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆင်ဖြူတော် အထည်ဆိုင်တွင် ဧပြီ ၁၆ နံနက် ၀၀း ၂၅ အချိန် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးငြှိမ်းသတ်သည့် မီးသတ်သမားနှစ်ဦး မီးခိုးမွှန်ပြီး ဆေးရုံတွင်ဆေးကုသမှု ခံယူနေရကြောင်း ခရိုင်မီးသတ်ဌာနထံမှ သိရသည်။
16-Apr-2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်အနီးတွင် ခိုက်ရန်ဖြစ်ပွားသူများကို ဖမ်းဆီးစဉ် အမျိုးသားတစ်ဦးထံမှ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြားအချို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
16-Apr-2019
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်များတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုနှင့် မုန်တိုင်း ၀င်ရောက်မှုတို့ကြောင့် လူရှစ်ဦး အသက်သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
16-Apr-2019
သင်္ကြန်ပွဲတော်ကာလ ပထမသုံးရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် ရေနစ်သေဆုံးမှုတို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သေဆုံးသူ ၂၃ ဦးအထိ ရှိနေပြီဖြစ်သည်။
16-Apr-2019
တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသော စာသားအချို့ ပါဝင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ်ခဲ့သည်
16-Apr-2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ တောင်ကန် ရေလယ်ဘုရားအနီးတွင် ရေနစ်ကာ ပျောက်ဆုံးသွားခဲ့သော အမျိုးသားနှစ်ဦး၏ အလောင်းကို ဧပြီ ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ပြန်လည် တွေ့ရှိခဲ့ကြောင်း ရန်အောင်မြင် နာရေးကူညီမှု အသင်းထံမှ စုံစမ်းသိရှိရသည်။
16-Apr-2019
ပြင်သစ်နိုင်ငံ၏အထင်ကရ သမိုင်းဝင်လက်ရာတစ်ခုဖြစ်သော ပဲရစ်မြို့ရှိ နော်တာဒိန်း ဘုရားရှိခိုးကျောင်းကြီးသည် ကြီးမားပြင်းထန်လှသည့် မီးလောင်မှုကြီးကြောင့် အလုံးစုံနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
16-Apr-2019
နတ်မောက်မြို့နယ် ယင်းချောင်းတွင် သင်္ကြန်အကြတ်နေ့က ရေကစားပြန်လာသော ဖောကား ယာဉ်မှာ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က နတ်မောက် - တောင်တွင်းကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ မိုင် ၄ ဖာလုံ လမ်းအကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။
16-Apr-2019
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်များ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
15-Apr-2019
ပြည်လမ်းမပေါ်ရှိ အင်းလျားကန်ဘောင်လမ်းလျှောက်သင်္ကြန်တွင် အလှဆင်ထားသည့်ပုသိမ်ထီးများကို ဖြုတ်ယူခဲ့သည့် လူအယောက် ၃၀ကို ဖမ်းဆီးခဲ့ပြီး ယနေ့ညပိုင်းတွင် ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။
15-Apr-2019
ရန်ကုန်- မန္တလေး အမြန်လမ်းမိုင်တိုင် ၂၂၉ အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်(ဧပြီ ၁၅ ရက်)က Probox အမျိုးအစားယာဉ်တစ်စင်း ကားဘီးပေါက်ပြီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။